အပိုင်း ( ၂၃ ) Unicode

2.8K 244 6
                                    

Peter Leo နေတဲ့တည်းခိုခန်းကို သူ့ အစ်ကိုဆိုတဲ့ သက်သေကိုပြတော့ အခန်းထဲ၀င်လို့ရခဲ့သည်။ တည်းခိုခန်းပိုင်ရှင်က Leo ကိုမတွေ့တာ နှစ်ရက်လောက်ရှိပြီပြောသည်။ Leo အချိန်ပိုင်းလုပ်တဲ့ ဘားကိုလည်း Peter သွားစုံစမ်းတော့ အလုပ်မလာ ၃ရက်လောက်ရှိပြီး သူဌေးမတစ်ဦးနဲ့ အဆင်ပြေသွားပုံရသည်လို့ပြောသည်။

ကြည့်ရတာ သူတို့ပြောတဲ့ သူဌေးမက လီရှင်းလန်ဖြစ်လိမ့်မယ်လို့ Peter တွေးလိုက်သည်။ Peter ဖက် မူးယစ်ဂိုဏ်းမှာ ရာထူးကြီးတော်တော်များများ ပါ၀င်ပတ်သက်နေတဲ့ သတင်းပေါက်ကြားမှုကြောင့် တော်တော်လေးကိစ္စကြီးကြီး ဖြစ်သွားခဲ့သည်။ ဒီသတင်းကိုသိသွားတဲ့ အရာရှိတော်တော်များများလည်း လုပ်ကြံခံလိုက်ရသည်။

ကံကောင်းသွားတာက Peter ဆီအလုပ်အပ်တဲ့ကိစ္စကို Peterနဲ့ ထိုအရာရှိ နှစ်ဦးတည်းသာသိခြင်းဖြစ်သည်။ ထိုအရာရှိက Peter ကို သူနဲ့ဘာအလုပ်ကိစ္စမှပတ်သက်ထားခြင်းမရှိသလို ခြေရာဖျောက်ထားမှာမို့ Peter ကိုစိတ်ချရအောင် ရှောင်နေဖို့ပြောသည်။ ဒါကြောင့် Peter ခြေရာဖျောက်ကာ တစ်လနီးပါးလောက် အောင်းနေရခြင်းဖြစ်သည်။

နောက်ဆုံး Leo ပိုခဲ့တဲ့ အင်ဒရူးကိုတွေ့တာနဲ့ ရှင်းပစ်လိုက်မယ်ဆိုတဲ့စာအရ ပို့လာတဲ့ လိပ်စာဆီ Peter သွားကြည့်လိုက်သည်။ လူကုန်တံသူဌေးရပ်ကွက်ဖြစ်တာမို့ ပတ်၀န်းကျင်မှာ စုံစမ်းဖို့ အဆင်မပြေတာကြောင့် စိတ်ပျက်ကာ Leo နေခဲ့တဲ့ အခန်းမှာပဲ ဆက်နေဖို့ Peter စဥ်းစားကာပြန်ခဲ့လိုက်သည်။

Peter စိတ်ပူနေပေမယ့် သူ့လိုပဲ Leo ခြေရာဖျောက်တဲ့အနေနဲ့ တစ်နေရာရာမှာ ပုန်းခိုနေလောက်မယ်လို့ထင်မိသည်။ အဲ့လိုဖြစ်ပါစေ လို့ပဲ ဆုတောင်းမိသည်။ တည်းခိုခန်းပြန်ရောက်တာနဲ့ ဧည့်ခန်းမှာ စိတ်ပျက်စွာနဲ့၀င်ထိုင်လိုက်ပြီး စားပွဲပေါ်က သတင်းစာကို ကောက်ယူဖတ်လိုက်သည်။

ဟိုလှန်ဒီလှန်လုပ်ရင်း သံအမတ်အိမ်ပါတီညက ပစ်ခတ်မှုဆိုတဲ့ သတင်းကြောင့် စိတ်၀င်စားသွားသည်။ လိပ်စာအရ မိမိသွားစုံစမ်း ခဲ့တဲ့အိမ်ဖြစ်နေတာမို့ Peter တည်းခိုခန်းပိုင်ရှင်ကို ဆီချည်းကပ်ပြီး စကားစကြည့်လိုက်သည်။

String (Complete )Donde viven las historias. Descúbrelo ahora