အပိုင်း ( ၃၈ )Unicode

2.5K 187 6
                                    

" ၀မ်... ၀မ်.. .."

ရှောင်ကျန့် စိတ်ပူစွာ အရုပ်ကြိုးပြတ်လဲကျသွားတဲ့ ၀မ့်ကို ပွေ့ထားလိုက်တယ်။ သူက ခေါင်းထိပြီး မူးသွားတာကြောင့် ချက်ချင်းရေပေါ် ပြန်မတတ်နိုင်တာဖြစ်သည်။ ၀မ် သူ့ပါးကို လာပုတ်နှိုးမှ သတိ၀င်လာခြင်းဖြစ်သည်။ လူတွေရုတ်ရုတ်သဲသဲ ဖြစ်သွားတာကြောင့် P ကောတို့လဲ ရောက်လာကြသည်။

"ရှောင်ကျန့် .. ဘာဖြစ်သွားသေးလဲ.. "

"P ကော.. ၀မ် ..၀မ်.. " ( ရှောင်ကျန့် စိတ်ပူလွန်ပြီး ဘာပြောရမှန်းမသိဖြစ်နေသည်။ )

"လာ ကိုယ့်ကျောပေါ်တင်လိုက်.. အခန်းထဲရွေ့မယ်.. ဆရာ၀န်ခေါ်ထားတယ် " ( Peter Leo ကိုကျောပိုးပြီး အခန်းထဲကို ခေါ်လာလိုက်သည်။ တော်သေးတာက ပွဲတော်ရက်မို့ ဧည့်သည်တွေထိခိုက် ဒဏ်ရာရတွေဖြစ်ခဲ့ရင် အရေးပေါ်ကုသလို့ရအောင် ဆရာ၀န်အသင့် ဆေး၀ါးအသင့်ပြင်ဆင်ထားတာကြောင့်ဖြစ်သည်။)

ရှောင်ကျန့်ကိုဆရာ၀န်က လိုအပ်တာစမ်းသပ်စစ်ဆေးပေးသည်။ ရှောင်ကျန့်က နဖူးစောင်းအနဲငယ်ကွဲသွားတာအပြင် ထူးထူး ခြားခြား ခံစားရတာမရှိပေ။ မူးလာတာတို့ အန်တာတို့ဖြစ်လာရင် ဆေးရုံကိုချက်ချင်းသွားပြီး စစ်ဆေးဖို့ညွှန်ကြားထားသည်။

ရှောင်ကျန့် ခုထိသတိမရသေးတဲ့ ၀မ့်ကို စိတ်ပူစွာထိုင်ကြည့်နေမိသည်။ ဆရာ၀န်စစ်ဆေးပေးချက်အရ ၀မ်က ပြင်ပဒဏ်ရာမရှိပဲ သတိလစ်နေခြင်းဖြစ်သည်။ Peter က ၀မ်က အတိတ်မေ့နေတဲ့သူမို့ သူ့ကိုကုသပေးနေတဲ့ US ကဆရာ၀န်ကြီးဆီ ချက်ချင်းဖုန်းဆက် အကြောင်းကြားပြီး အကျိုးအကြောင်းပြောပြကာ အကြံဉာဏ်တောင်းခဲ့သည်။

US က ဆရာ၀န်ကြီးက ပဲရစ်မှာရှိသည့် သူ့တပည့်ဆရာ၀န်တစ်ယောက်ကို ညွှန်ကြားချက်ပေးပြီး ကြည့်ခိုင်းလိုက်မယ်လို့ ပြောတာကြောင့် ရှောင်ကျန့်တို့စောင့်ကြည့်နေခြင်းဖြစ်သည်။ US ကဆရာ၀န်ကြီး လွှတ်ပေးတဲ့ ဆရာ၀န်ရောက်လာပြီးလိုအပ်တာ စစ်ဆေးပေးပြီး သတိရလာဖို့ကို စောင့်ကြည့်ရမည်ပြောသည်။ သူစစ်ဆေးချက်အရ အရမ်းစိတ်ပူစရာမလိုကြောင်းကိုလဲ ပြောလာသည်။

"ရှောင်ကျန့်.. ခန လှဲနေလိုက်ပါလား.. မင်းလဲ ဒဏ်ရာရထားတာလေ "

String (Complete )Waar verhalen tot leven komen. Ontdek het nu