အပိုင်း ( ရ ) Unicode

3.6K 335 7
                                    

၀မ်ရိပေါ် Laptop ဆွဲယူပြီး အခန်းထဲနေထွက်ခဲ့လိုက်သည်။ ဆိုဖာပေါ် ထိုင်လိုက်ရင်း Laptop ဖွင့်ကာ လက်ချောင်းလေးတွေကို ခပ်မြန်မြန်လှုပ်ရှားလိုက်တော့ လျိုရှီးလိန်နဲ့ ပတ်သက်တဲ့အကြောင်းအရာများ အစီအရီကျလာသည်။ သူ့အတွက် လျိုရှီးလိန်လို လူတစ်ယောက်ရဲ့ အကြောင်းကိုစုံစမ်းရတာ ထမင်းစားရေသောက်ရတာထက်ပင်လွယ်ကူသည်။

လျိုရှီးလိန်ပိုင်ဆိုင်တဲ့ YTG Group က အင်အားတော့ကြီးသား ရုပ်ရှင်ထုတ်လုပ်ရေး Entertainmentတွေအပြင် အခြား လုပ်ငန်းတွေ ကိုလည်း ပိုင်ဆိုင်သည်။ ငွေကြေးအင်အားတောင့်တင်းတဲ့ လျို အုပ်စုက ထိပ်တန်းအရာရှိတော်တော်များများကို ထောက်ပံ့ထားတာ ကြောင့် ပေါက်ပေါက်ရောက်ရောက်ရှိတယ်လို့ ‌ပြောလို့ရသည်။ ဒါကြောင့်လည်း ရှောင်ကျန့်အမှုကို အမှန်တရားပျောက်သွားအောင် လုပ်နိုင်ခြင်းဖြစ်သည်။

၀မ်ရိပေါ် လျိုရှီးလိန်နဲ့ပတ်သက်သမျှကို လေ့လာသင့်သ‌လောက် လေ့လာပြီးပြီမို့ Peter ဆီ စာတစ်စောင်ရေးကာ ဆက်သွယ် ထားလိုက်သည်။အချိန်ကလဲ တော်တော်ညဥ့်နက်နေပြီမို့ ၀မ်ရိပေါ် ဆိုဖာခုံပေါ်လှဲချကာ အိပ်လိုက်သည်။ သူ့ပို့လိုက်တဲ့စာကို Peter ဖတ်ပြီး မေးလာမယ့်မေးခွန်းတွေကိ စဥ်းစားရင်း အိပ်ပျော်သွားခဲ့သည်။

&&&&&&&

ရှောင်ကျန့် အိပ်ပျော်နေရင်း အန်ချင်စိတ်ကြောင့်ပါးကျောတွေကျဥ်တတ်လာတာမို့ နိုးသွားခဲ့သည်။ အိပ်ယာပေါ်ကအမြန် ဆင်းလိုက် တော့လူက မျက်စိတွေပြာပြီး မိုက်ကနဲဖြစ်ကာ တစ်ချက်ယိုင်သွားသည်။ ကုတင်စွန်းမှာ ခနမှေးထိုင်ရင်း ရင်တွေတလှပ်လှပ်ဖြစ်ကာ ထိန်းမရတော့တဲ့ အန်ချင်စိတ်ကြောင့် ရေချိုးခန်းထဲ အမြန်ပြေး၀င်ခဲ့ရသည်။

ညကစားထားတဲ့ စပါကတီ၂ပွဲအပြင် သောက်ထားတဲ့၀ိုင်က ၂ပုလင်းနီးပါးဖြစ်မယ်ထင်သည်။ ခုတော့ အစွမ်းတွေပြကုန်ပြီပေါ့။ အန်ပြီးလို့ လူလဲ မောဟိုက်နေပြီမို့ ပလုပ်ကျင်းကာထွက်လာတော့ ရေချိုးခန်းအဝရောက်တာနဲ့ ဗိုက်ထဲကရစ်လာတာမို့ ပြန်၀င်ရသေးသည်။

String (Complete )Où les histoires vivent. Découvrez maintenant