အပိုင်း ( ၄၄ ) Unicode

2.5K 169 4
                                    

၀မ်ရိ‌ပေါ်တို့ မေဟွား‌ဂေဟာကို ရောက်ခဲ့ကြသည်။ မလာတာကြာပြီဖြစ်သလို ဒီကြားထဲ အဆက်သွယ်ပြတ်တောက်နေတာမို့ ဂေဟာမှူးလီက သူ့ကို တအံ့တသြနဲ့ ၀မ်းသာစွာကြိုဆိုသည်။ မေဟွားဂေဟာက ခုဆို အတော့်ကို တိုးတတ်‌ပြောင်းလဲနေတာကို တွေ့ရတော့ ၀မ်ရိပေါ် ၀မ်းသာမိသည်။

"Leo သားရယ်.. ပျောက်သွားလိုက်တာ.. ဆက်သွယ်လို့လဲ မရလို့ စိတ်ပူနေတာ.."

"ဟုတ်တယ်.. အဲ့ဖုန်းက ပျောက်သွားလို့ ပြီးတော့ ကျွန်တော်လဲ ကျန်းမာရေးမကောင်းဘူးလို့ အဆက်သွယ်ဖျတ်သလိုဖြစ်သွားတာ " ( ၀မ်ရိပေါ် ရှည်ရှည်ဝေးဝေး ရှင်းပြဖို့ မလိုအပ်တာမို့ ကျန်းမာရေးကြောင့်ကိုပဲ အကြောင်းပြချက်ပေးလိုက်သည်။)

"ထိုင်ကြ.. ထိုင်ကြ.. ဒါနဲ့ ခုကော နေကောင်းသွားပြီလား.. "

"ဟုတ်ကဲ့ .. ကောင်းသွားပါပြီ.. ‌ဂေဟာမှူးလီ.. ဒါ ကျွန်တော်နဲ့ လက်ထပ်ထားတဲ့ ကျွန်တော့်အမျိုးသား ရှောင်ကျန့်ပါ.." ( ရှောင်ကျန့်ကို အကဲခတ်သလိုကြည့်လာတာမို့ ၀မ်ရိပေါ် ၀င်ထိုင်ရင်း မိတ်ဆက်ပေးလိုက်သည်။)

" အော်.. ရှောင်ကျန့်ဆိုတော့.. ရုပ်ရှင်မင်းသားရှောင်ကျန့်မလား.. အဲ့ဒါကြောင့် တူပါတယ်ဆိုပြီးကြည့်နေတာ.. လိုက်ဖက်တယ်ကွယ် သားတို့နှစ်ယောက်လုံးက လူချောလေးတွေပဲ.."

"ကျေးဇူးပါ .. ဂေဟာမှူးလီ.. ဒါနဲ့ ရှောင်ပိုင်ကော မတွေ့ပါလား.. "

"ရှောင်ပိုင်က နောက်ပိုင်းပိုပြီး လိမ္မာလာတယ် သားရေ.. သူကြီးလာရင် Leo ကောကောလိုလုပ်မှာစိုးပြီး သတိရတိုင်းပြောနေတာ.. အလယ်တန်းကျောင်းသားကြီးဖြစ်နေပြီလေ.. ခနနေရင် ပြန်ရောက်တော့မှာ.. တွေ့သွားမယ်မလား.. အဲ့ကလေးမင်းကို အမြဲမျှော်နေတာ.."

"ဟုတ်ကဲ့.. ကျွန်တော်တို့အေးဆေးပါပဲ.. ရောက်တုန်း ‌‌ဂေဟာအတွက် လိုအပ်တာလေးလဲ ဖြည့်ပေးသွားချင်တယ်.. ကျွန်တော်တို့ မင်္ဂလာဦးလက်ဖွဲ့ အနေနဲ့ပေါ့ .."

၀မ်ရိပေါ်တို့ ဂေဟာမှူးလီလိုက်ပြတဲ့ မေဟွားရဲ့ တိုးတက်မှုတွေကို လှည့်လည်ကြည့်နေခြင်းဖြစ်သည်။ အရင်ကထက် ထောက်ပံမှုတွေ ပိုရလာတာကြောင့် မိဘမဲ့ကလေးတော်တော်များများကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းစောင့်ရှောက်နိုင် နေပြီဖြစ်သည်။

String (Complete )Where stories live. Discover now