အပိုင်း ( ၆ ) Unicode

3.7K 329 4
                                    

၀မ်ရိပေါ် လက်ရှိဘယ်နေရာကိုရောက်နေတာလဲဆိုတာစဥ်းစားနေတုန်း သူ့အင်္ကျီစလှုပ်ဆွဲကာ ဆိုင်ကယ်ရပ်ဖို့အချက်ပြလာတာမို့ လမ်းဘေးချရပ်လိုက်သည်။

"ဟို.. ဘယ်သူလဲမသိပေမယ့် ကူညီပေးတာ ကျေးဇူးပါ.. ခုလောက်ဆိုအဆင်ပြေပြီမို့ ဒီကနေပဲ နှုတ်ဆက်ပါရစေ " ( ဆိုင်ကယ်သမားက ဘယ်ကိုဦးတည်နေမှန်းမသိတာမို့ ရှောင်ကျန့် ရပ်ခိုင်းလိုက်ခြင်းဖြစ်သည်။ ဆောင်းထားတဲ့ ဆိုင်ကယ်ဦးထုပ် ကြောင့် ဘယ်သူဘယ်၀ါမှန်းမသိပေမယ့် ကူညီ‌ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောကာ နှုတ်ဆက်လိုက်သည်။)

"ဒီကနေ တစ်ယောက်တည်း ဘယ်လိုပြန်မလို့လဲ.." ( ဆိုင်ကယ်ဦးထုပ်ကို ချွတ်ရင်းပြောလိုက်သည်။၀မ်ရိပေါ် ခုရောက်နေတာ ဘယ်နေရာမှန်းမသိပေမယ့် အချိန်အားဖြင့်လဲ နောက်ကျနေကြောင့် လိုင်းကားမရှိသလို Taxi ခေါ်လို့ရရင်တောင် အချိန်အတော်ကြာ စောင့်ရနိုင်သည်။ သူမှန်းသိတော့မှ ဖြစ်သွားတဲ့ ရှောင်ကျန့်ရဲ့ ပြူးကြောင်ကြောင်ဖြစ်သွားတဲ့ မျက်၀န်းလေးက ခုန ဒေါသထွက်နေတဲ့ မျက်၀န်းတွေနဲ့များစွာခြားနားသည်။)

"၀မ်ရိပေါ်... မင်းပဲ.. ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ.." ( ရှောင်ကျန့် အံသြစွာမေးလိုက်သည်။ လူတွေကို ဂရုမစိုက်တတ်သလို နေတတ်တဲ့ ကောင်လေးက သူ့ကိုကူညီခဲ့တာ ခုဆိုနှစ်ကြိမ်မြောက်ရှိပြီ။ )

" Club လာတာ ဘာလာလုပ်တယ်ထင်လို့လဲ...ခု ခင်ဗျားဖာသာပြန်မှာလား ကျနော်နဲ့အတူလိုက်မှာလား "

"ဟီး.. မင်းနဲ့လိုက်မှာပေါ့.. ခုန မင်းမှန်းမှမသိတာ.."

သူ့ကို သွားဖြဲပြီးရီပြနေတဲ့ ရှောင်ကျန့် ဒီလူရဲ့ မျက်၀န်းတွေကလှသလို သွားဖြူဖြူကြီးကြီးလေးတွေကလဲ လှတာပဲလို့ ၀မ်ရိပေါ် စိတ်ထဲကနေ မှတ်ချက်ပေးမိပြန်တယ်။ ဆိုင်ကယ်ဦးထုပ်ကို ထိုလူ့ကို ကမ်းပေးပြီး ဆိုင်ကယ်ထွက်ဖို့ ဟန်ပြင်လိုက်တော့ ကမန်းကတန်းဦးထုပ်ကိုဆောင်းပြီး ဆိုင်ကယ်ပေါ်တက်ထိုင်လိုက်တာကြောင့် ၀မ်ရိပေါ် ပြုံးချင်ချင်ဖြစ်သွားမိတယ်။

&&&&&&&

"ကျနော့် အခန်းလိုက်ခဲ့.."

String (Complete )Donde viven las historias. Descúbrelo ahora