Leo တို့အလုပ်လက်ခံလိုက်ပေမယ့် SDCကို ပီတာက သူ့ အနေနဲ့လက်ခံတယ်ဆိုတာပဲဖြစ်စေချင်သည်။ ဒါဟာနောင်ဖြစ်လာနိုင်မယ့် ပြဿနာကို ပီတာက သူ့အတွက်ကြိုတင်ကာကွယ်တာမှန်း Leo သိသည်။ သူတို့လို အသက်ရင်းပြီးလုပ်ရတဲ့သူတွေက အဆုံးထိကို တွေးထားရတာ အထူးဆန်းတော့မဟုတ်။
Leo နဲ့ Peter စာရင်းရထားတဲ့ မူးယစ် mission ကျရှုံးစာရင်း ဒယ်ဒီကိုဖယ်ထားပြီး ကျန် ၁၀ဦးလုံးရဲ့ အသေးစိတ်စာရင်းကို စုံစမ်းခဲ့သည်။ SDCက လိုအပ်တဲ့အချက်အလက်တွေကိုပေးထားတယ်ဆိုပေမယ့် ထိုသူတွေရဲ့ ကျန်ရစ်မိသားစုသတင်းတွေ ပါရအောင် စုံစမ်းခဲ့သည်။
Leo ထိုသူတွေအကြောင်းအချိန်ယူစုံစမ်းခဲ့တာ အလကားသက်သက်မဖြစ်ခဲ့ပေ။ သူတို့မသင်္ကာဖြစ်ခဲ့သူ စပိန်လူမျိုး အင်ဒရူး ဆိုသူမှာ တိတ်တိတ်ပုန်းနောက် မိန်းမတစ်ယောက်ရှိခဲ့ပြီး ထိုအမျိုးသမီးက တရုတ်အမျိုးသမီးတစ်ဦးဆိုတာ စုံစမ်းလို့ ရခဲ့သည်။ ကာစီနိုလောင်းကစားရုံမှာ အပျော်မယ်တစ်ဦးဖြစ်တဲ့ လီရှင်းလန်ဆိုတဲ့သူမက ထိုအလုပ်ကထွက်သွားကာ သတင်းပျောက်သွားပြီး မကြာခင်မှာပဲ အင်ဒရူး က မူးယစ် mission အတွက် တာ၀န်ပေးခြင်းခံခဲ့ရသူဖြစ်သည်။
သူများနိုင်ငံကို အပျော်မယ်အဖြစ်ရောင်းစားခံရတဲ့ လီရှင်းလန်ပျောက်ဆုံးခြင်းက သွေးရိုးသားရိုးမဖြစ်နိုင်ဘူးလို့ Leo သံသယ၀င် မိသည်။ ဒါကြောင့် သူစွန့်ခွာခဲ့တာကြာပြီဖြစ်တဲ့ မွေးရပ်မြေကို ပြန်လာဖို့ အကြောင်းတရားဖြစ်လာခဲ့သည်။ Peter နဲ့ Leo က တာ၀န်ကိုခွဲဝေပြီး တစ်ယောက်တစ်နေရာ လှုပ်ရှားခဲ့ပေမယ့် အဆက်သွယ်တော့ အမြဲရှိခဲ့သည်။
ပေကျင်းကိုရောက်တာနဲ့ Leo က ၀မ်ရိပေါ်အဖြစ်ပြောင်းလဲကာ ခုလက်ရှိနေတဲ့ Condoက အခန်းလေးကို၀ယ်ယူခဲ့ခြင်းဖြစ်သည်။ ကြည့်ရတာ သူ မွေးရပ်မြေမှာ အချိန်နည်းနည်းကြာကြာ နေဖြစ်လိမ့်မည်ထင်သည်။ မူးယစ်ဂိုဏ်းက ထုနဲ့ထည်နဲ့အင်အား ကြီးမားတာမို့ အလွယ်တကူဖြိုချဖို့ မဖြစ်နိုင်တာမို့ Peter ကို အလောတကြီးမလှုပ်ရှားမိဖို့ သတိပေးရသည်။
Leo သူတို့အတွက် အဓိကပစ်မှတ်က မူးယစ်ဂိုဏ်းမဟုတ် ဒယ်ဒီ့ကိုလုပ်ကြံသွားတဲ့သူသာဖြစ်သည်။ မူးယစ်ဂိုဏ်းကိုဖြိုခွဲဖို့တာ၀န်က SDC ရဲ့အလုပ်သာဖြစ်သည်။ Leo တို့ယူထားတဲ့တာ၀န်က မူးယစ်ဂိုဏ်းကိုဖြိုခွင်းနိုင်မယ့်သတင်းတွေကို SDCကို ပို့ပေးဖို့နဲ့ အဓိက ဂိုဏ်းခေါင်းဆောင်ကို ဖော်ထုတ်ဖို့ဖြစ်သည်။
BINABASA MO ANG
String (Complete )
Fanfictionတစ်ချိန်က နာမည်ကျော်အဆိုတော် ရုပ်ရှင်မင်းသားစူပါစတားတစ်ယောက်ဖြစ်တဲ့ရှောင်ကျန့် လုပ်ကြံခံခဲ့ရလို့ အနုပညာလောကမှာ နာမည်ပျက်ပြီး ထောင်ကျခဲ့ရသလို........... ငယ်စဥ်ကတည်းက နိုင်ငံခြားသားကြေးစားအလွတ်အေးဂျင့်တစ်ဦးရဲ့ မွေးစားခြင်းခံခဲ့ရပြီး အီတလီကိုပါသွားခဲ့...