အပိုင်း ( ၁၄ )Zawgyi

1.4K 82 8
                                    

ဝမ်ရိပေါ် ကို Peter က Peninsula Hotel – Room No. xxxx လာခဲ့ဆိုပြီး စာပို့လာတာကြောင့် ချက်ချင်းထထွက်ခဲ့တာဖြစ်သည်။ မနေ့က ဖုန်းပြောပြီးကတည်းက စိတ်ဆိုးပြီး ဖုန်းမကိုင်တော့တဲ့ Peter ကို သူ့သဘောထားအမှန်ကို အထင်မလွဲဖို့ ရှင်းပြရမည်။ ၀မ်ရိပေါ် သူ့ဘ၀မှာ ဒယ်ဒီပြီးရင် Peter က အစ်ကိုရင်းတစ်ယောက်လိုသံယောဇဉ်အရှိဆုံး တန်ဖိုးထားရတဲ့လူတစ်ဦးဖြစ်သည်။ ဒါတွေကို သူဖွင့်မပြောခဲ့ဖူးပေမယ့် သူ့စိတ်ထဲက စိတ်ရင်းအမှန်ပင်ဖြစ်သည်။

Peter သူ့ကိုတားတဲ့ စိတ်ရင်းအမှန်ကိုသိပေမယ့် သူလဲစကားပြောနဲနဲလွန်သွားသည်။ ဒါပေမယ့် သူဘယ်တုန်းကမှ ပီတာကို အလုပ်သမားတစ်ယောက်လို့ မသတ်မှတ်ခဲ့ဖူးပေ။

ဝမ်ရိပေါ် ဟိုတည်အခန်းဝရှေ့ ခနရပ်ပြီး Peter ကိုတွေ့ရင် ပြောရမယ့်စကားကို စဉ်းစားလိုက်ပြီး Bell ကိုတီးလိုက်တယ်။

"Leo လေး .. ရောက်လာပြီလား "

"Peter " ( ၀မ်ရိပေါ် အခန်းထဲမှာ မမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်ကိုပါ တွေ့လိုက်ရတာကြောင့် စူးစမ်းတဲ့အနေနဲ့ကြည့်လိုက်သည်။)

"Leo လေး သူ Vister လေ.." ( ဖုန်းနဲ့ပဲ ဆက်သွယ်ဖူးကြတာမို့ သူတို့နှစ်ယောက်ကို Peter မိတ်ဆက်ပေးလိုက်သည်။)

"ရှောင်ကျန့်ကို အစစရာရာအကူညီပေးတဲ့ ကျေးဇူးပါ Mr.Vister "

"ရှောင်ကျန့်ကို ကိုယ်တို့ Royal ဆီ ယုံကြည်စွာ အပ်နှံပေးလို့ ကျေးဇူးပါ Royal အတွက် ရှောင်ကျန့်က အဖိုးတန်ကျောက်လေးပါ ... ဒါလင်တို့ ညီအကိုနှစ်ယောက် စကားပြောကြအုံးနော် ဟန်နီ လုပ်စရာလေးတွေ သွားလုပ်လိုက်ဦးမယ်.."

Vister Leo နဲ့ လက်ဆွဲနှုတ်ဆက်ရင်း Peter ကိုပါ ပြောလိုက်သည်။ တစ်ကယ်က လွတ်လွတ်လပ်လပ်စကားပြောလို့ရအောင် တမင် ရှောင်ပေးလိုက်တာဖြစ်သည်။

"Leo လေး.. လာ..ထိုင်.." ( ၀မ်ရိပေါ် က ပြောပြီးထွက်သွားတဲ့ Vister ကို ထူးဆန်းသလိုကြည့်နေတာမို့ Peter မျက်နှာပူပူနဲ့ လက်ဆွဲကာ ထိုင်ခိုင်းလိုက်သည်။)

"Peter .. Peter နဲ့ သူနဲ့က ..." ဒါလင် .. ဟန်နီ ဆိုတဲ့ အသုံးအနှုန်းက သာမန်ဆက်ဆံရေးတစ်ခုမဖြစ်နိုင်တာမို့ ၀မ်ရိပေါ် မေးလိုက်ခြင်းဖြစ်သည်။

String (Complete )Onde histórias criam vida. Descubra agora