အပိုင်း ( ၄၅ )Unicode Final

5.8K 243 24
                                    

"နေသာရဲ့လား. ၀မ် " ( ရှောင်ကျန့် သူ့ရင်ခွင်ထဲမှာ မှိန်းနေတဲ့ ကောင်လေးကို ခေါင်းလေးပွတ်ပေးရင်းမေးလိုက်သည်။)

"အွန်းး အများကြီးနေလို့ကောင်းသွားပြီ " ( ၀မ်ရိပေါ် ရှောင်ကျန့်ဖျော်ပေးတဲ့ ရေနွေးနဲ့ သကြား ဖျော်ရည်လေးသောက်ပြီး မှိန်းနေတာဖြစ်သည်။ အစာအိမ်ထဲက စားထားသမျှအစာတွေလဲကုန်ပြီလေ။ မသက်သာမှ ဆေးသောက်ဖို့ စဥ်းစားထားသည်။)

"ကော.. ကျွန်တော့်ကို စိတ်ညစ်သွားလား.." ( ဘယ်သူကထင်မှာလဲ ချစ်ကြည်နူးတစ်တီတူးနေတဲ့အချိန်ကျမှ ဗိုက်ကရစ်လာပြီး ၀မ်းသွားချင်လာမယ်ဆိုတာ။ ခုတော့ ၀မ်ရိပေါ် သိက္ခာတွေ ကျကုန်ပါပြီ။ အလိုက်ကန်းဆိုးမသိတဲ့ ဗိုက်။ ပြန်တွေးကြည့်ရင်တောင် ရှက်စရာကောင်းသည်။)

" ဘာကို ညစ်ရမှာလဲ .. အဲ့ကိစ္စက ထိန်းထားလို့မှမရတာ.. ဟီး ဟီး " ( ပြန်စဥ်းစားကြည့်ရင်တော့ ရီချင်စရာကြီးပေါ့။ ဒါပေမယ့်လည်း ရှောင်ကျန့် အားရပါးရ မရီရဲဘူး။ )

"ရှောင်ကျန့်.. မရီနဲ့လို့.. ခင်ဗျားနော်.. ကျွန်တော်ရှက်တယ်.." ( ၀မ်ရိပေါ် ရှက်ရမ်းရမ်းပြီး ဖက်ထားတဲ့ခါးသွယ်သွယ်အားစိုက်ကာ ခပ်တင်းတင်းဖက်ပစ်လိုက်သည်။)

"အာရို ..အားတွေရှိသေးတာပဲ.. ဟုတ်ပြီ..မရီတော့ဘူး.. ကိုယ်လဲ ၀မ်နဲ့သိခါစက ၀မ်း‌လျောဖူးတယ်လေ မှတ်မိလား "

"အွန်းး ဟုတ်တယ်.. အဲ့တုန်းက ခင်ဗျားက ကျွန်တော့်ထက်ဆိုးတယ် ..အန်ပါအန်သေးတယ် "

"တွေ့လား.. ကိုယ်လဲ မင်းရှေ့မှာ ၀မ်းလျောဖူးတာပဲလေ.. ဒါ ရှက်စရာမှမဟုတ်တာ.."

"အခြေအနေချင်းက မတူဘူးလေ ရှောင်းရာ.. ခုဟာက.. "

"ဟား ဟ ဟုတ်ပါပြီ ကိုယ်သိပါတယ်.. မင်း မရှက်အောင် ကိုယ်ပြောတာပါ.. ၀မ်..မင်းက ကိုယ့်ကို အဲ့ကတည်းက ဂရုစိုက်ပေးခဲ့တာ .. မင်းက အရီအပြုံးနည်းပြီး စကားကောင်းကောင်းမပြောပေမယ့် မင်းမှာ နွေးထွေးတဲ့နှလုံးသားရှိတာ.. ကိုယ်သိခဲ့ရတယ်.. တစ်ခါတလေ ကိုယ်စဥ်းစားမိတယ်.. ကိုယ်တို့စပြီးတွေ့ဆုံတဲ့ပုံစံက ကိုယ်မဟုတ်တဲ့ တစ်ခြားတစ်ယောက်ဆိုရင်ကော .. "

String (Complete )Where stories live. Discover now