အပိုင်း ( ၂၈ )Unicode

3K 246 3
                                    

ရှောင်ကျန့် ခုရိုက်နေတဲ့ကားက နောက်နှစ်ရက်လောက်ဆိုပြီးပြီ။ နောက်တစ်ကားထပ်ရိုက်ဖို့ ကြားမှာ အချိန်ရသေးသလို ဒါရိုက်တာ Alex က ကြော်ငြာတစ်ခုကို တရုတ်ပြည်က Chongqing မှာရိုက်ချင်တယ်လို့ဆိုလာသည်။ ဒါရိုက်တာ Alex က တရုတ်ပြည်မှာ ရှိတုန်းက Chongqing ကို ခနအလည်သွားခဲ့ပြီး ရူခင်းတွေကို အရမ်းသဘောကျလာခဲ့ခြင်းဖြစ်သည်။

ဟုတ်တယ် Chongqing ကအရမ်းလှတယ်။ Mountain City လို့ လူသိများတဲ့ Chongqing မြို့လေးက ရှောင်ကျန့်ရဲ့ မရောက်တာ ကြာပြီဖြစ်တဲ့ ဇာတိမြေ ဖြစ်တယ်။ ရှောင်ကျန့်အတွက် Chongqing မြို့လေးက တစ်ချိန်က နာကျင်စရာတွေများတဲ့ နေရာလေးတစ်ခုဖြစ်ခဲ့တယ်။

ရှောင်ကျန့်ပါပါးက ရှောင်ကျန့် အထက်တန်းကျောင်းသားဘ၀ စတတ်တဲ့အချိန်မှာ ဦးနှောက်သွေးကျောပြတ်ပြီး ရုတ်တရက်တိမ်းပါး သွားခဲ့တယ်။ ပါးပါးကိုအမြဲမှီခိုအားထားခဲ့တဲ့ မာမားက စီးပွားရေးကိစ္စတွေကို ဦးစီးရတဲ့အချိန်မှာတော့ နားမလည်တာတွေ များတာမို့ တစ်ကယ့်ကို အဆင်မပြေခဲ့ဘူး။

ရှောင်ကျန့်က သူ၀ိုင်းလုပ်မယ်ပြောပေမယ့် မားမားက ငယ်သေးတာမို့ ပညာရေးကိုပဲ သေချာအာရုံစိုက်စေချင်တယ်။ အစပိုင်းမို့ ခက်ခဲတာပါ အချိန်တန်လာရင် နားလည်သွားမယ်ဆိုပြီး သူကိုယ်တိုင်ပဲ ဦးစီးခဲ့တယ်။ အချိန်တန်လာတော့ စီးပွားရေးကိစ္စမှာ မားမားကျွမ်းကျင် မကျင်တော့မသိဘူး ရှောင်ကျန့်အတွက် အဖေသစ်တစ်ယောက် ရောက်လာခဲ့တယ်။

မားမားအပြောကတော့ မိန်းမသားတစ်ယောက်တည်းလုပ်ကိုင်နေရတာမို့ လူအရိုသေတန်အောင်လို့တဲ့လေ။ ရှောင်ကျန့်ကတော့ ပါပါးနေရာကိုအစားမထိုးနိုင်ပေမယ့် မားမားစိတ်ချမ်းသာရင်ပြီးရောဆိုပြီး ကျေနပ်ပေးခဲ့တယ်။

အချိန်တန်ဇာတိပြလာတဲ့ပထွေးနဲ့ အရွယ်ရောက်လို့ နားလည်ပြီး မြင်တတ်လာတဲ့ကျွန်‌တော် ဆက်ဆံရေးအဆင်မပြေမှုတွေ ပိုများလာတယ်။ မားမား စိတ်ဆင်းရဲမှာစိုးလို့ တချို့အရာတွေကို မသိကျိုးကျွန်ပြုခဲ့သလို အတတ်နိုင်ဆုံးလဲ သီးခံပေးခဲ့တယ်။

ရှောင်ကျန့် တက္ကသိုလ်ဒုတိယနှစ်လောက်မှာ မားမားကို သူ့ယောကျ်ားရဲ့ပျက်နေတဲ့ခြေလှမ်းတွေကို သားတစ်ယောက်၀တ္တရားရှိတဲ့ အတိုင်း သတိပေးခဲ့တယ်။ အမှန်တရားက ခါးလွန်းတယ်လေ ဒါကြောင့်လူတွေအလွယ်တကူလက်မခံနိုင်ကြတာ။ ကျွန်တော့်မာမား အပါအ၀င်‌ပေါ့။

String (Complete )Where stories live. Discover now