နယူးယောက်လေဆိပ်ကိုရောက်တာနဲ့ ရှောင်ကျန့်သူပြန်လာမယ်ဆိုတာ ဘယ်လိုသိသွားကြတယ်မပြောတတ်ဘူး။ သတင်းထောက် တစ်ချို့နဲ့ Fan တွေက လေဆိပ်မှာ ရောက်နေကြသည်။ Dee က သတင်းထောက်တွေကို Royal ကနေတဆင့် ကြော်ငြာပေးမှာမို့ ခု ဘာမေးခွန်းကို ဖြေဆိုမှာမဟုတ်ကြောင်းပြောပြီး လူစုခွဲလိုက်သည်။
ရှောင်ကျန့် ၀မ့်လက်ကိုတွဲပြီး လေဆိပ်ထဲကနေ ရဲရဲထွက်ခဲ့သည်။ ရှောင်ကျန့်က Mask ပဲတပ်ထားပေမယ့် ၀မ်က Mask တပ်ထားတဲ့အပြင် ဦးထုပ်ကိုလဲ ခပ်ငိုက်ငိုက်စောင်းထားသည်။ နှစ်ယောက်သားလူအုပ်ကြီးကို ဖျတ်ကျော်ပြီး လာကြိုတဲ့ကားဆီ လျှောက်လာခဲ့သည်။
"ရှောင်ကျန့် ကောကော.. ဘာပဲဖြစ်ဖြစ် အမြဲအားပေးနေတယ်နော်.. ဒီကောင်မလေးတွေက ရှောင်ကျန့်ကောကောရဲ့ အမာခံပရိတ်တွေပါ.. ဖိုက်တင်း .. ရှောင်ကျန့်ကောကော.."
ကားနားမှာ စောင့်နေတဲ့ ရှောင်ကျန့်ဖန် အုပ်စုကောင်မလေးတွေကို ရှောင်ကျန့် ခေါင်းလေးငြိမ့်ပြကာ အသိအမှတ်ပြုလိုက်သည်။
"ရှောင်ကျန့်ကောကော.. ကောကောရဲ့ ချစ်သူကိုအနီးကပ်မြင်ဖူးချင်လို့ .. Mask လေးချွတ်ပြပါလား "
ဖန်ကောင်မလေးတစ်ယောက်ရဲ့ လှမ်းအော်မှုကြောင့် ရှောင်ကျန့် သူ့ Mask ကိုချွတ်လိုက်ပြီး ၀မ့် ကို ပြုံးကာ ကြည့်လိုက်သည်။ ကားပေါ်တက်ခါနီး အလိုက်သိလွန်းတဲ့ ၀မ်က ခွင့်တောင်းစရာမလိုပဲ ကောင်မလေးတွေဖက်လှည့်ကာ Mask ကို ချွတ်ပြလိုက်သည်။
"ဝှါးးး.... ၀ိုးးး အမေးး ဇင်း... ချောလိုက်တာ... အမလေးး အရမ်းချောတာပဲ.."
ကောင်မလေးတွေပါးစပ်ဖျားက ထွက်လာတဲ့အာမေဋိတ်ကြောင့် ရှောင်ကျန့် မျက်လုံးပြုးကာ အံ့သြဟန်ပြလိုက်သည်။ ၀မ်ကတော့ ချက်ချင်းကို မျက်နှာကြီးရဲပြီး ကားပေါ် တတ်သွားတော့သည်။ ရှောင်ကျန့်အားလုံးကို ကောင်းကောင်းပြန်ကြဖို့ပြောပြီး နှုတ်ဆက်ခဲ့လိုက်သည်။
&&&&&&&
ဒီနေ့ Royal ENT က ရှောင်ကျန့်အတွက်လုပ်ပေးတဲ့ တရား၀င် သတင်းစာရှင်းလင်းပွဲဖြစ်တယ်။ ဒီပွဲကို CEO ဖြစ်တဲ့ Vister ကိုယ်တိုင် တက်ရောက်ပြီး မေးခွန်းတွေကိုဖြေကြားပေးသွားမှာဖြစ်သည်။ ဒါကြောင့် စာနယ်ဇင်းသမားတွေနဲ့ သတင်းထောက်တော်တော် များများ ခန်းမထဲကိုရောက်ရှိနေကြသည်။
YOU ARE READING
String (Complete )
Fanfictionတစ်ချိန်က နာမည်ကျော်အဆိုတော် ရုပ်ရှင်မင်းသားစူပါစတားတစ်ယောက်ဖြစ်တဲ့ရှောင်ကျန့် လုပ်ကြံခံခဲ့ရလို့ အနုပညာလောကမှာ နာမည်ပျက်ပြီး ထောင်ကျခဲ့ရသလို........... ငယ်စဥ်ကတည်းက နိုင်ငံခြားသားကြေးစားအလွတ်အေးဂျင့်တစ်ဦးရဲ့ မွေးစားခြင်းခံခဲ့ရပြီး အီတလီကိုပါသွားခဲ့...