အပိုင်း ( ၄၀ ) Unicode

2.7K 196 5
                                    

ရှောင်ကျန့်ရဲ့ မနက်ခင်းလေးက ချစ်ရတဲ့၀မ့်ရင်ခွင်ထဲနေ နိုးထရတာနဲ့တင် ပြည့်စုံလုံလောက်နေပြီ။ ခါးထက်မှာ တင်းနေအောင် ဖက်ထားတဲ့လက်တစ်စုံကြောင့် ရှောင်ကျန့် အိပ်ယာကချက်ချင်းထဖို့ မဖြစ်နိုင်သေးဘူး။ ညအိပ်အင်္ကျီရဲ့ ကြယ်သီးဟနေတာကြောင့် မြင်နေရတဲ့ ရင်ခွင်ဖြူလေးပေါ်က တတ်တူးလေးကို မြင်ရတာ ကြည်နူးခြင်းတစ်မျိုးပဲ။

ရှောင်ကျန့်ရဲ့ သမာဓိအားကိုစမ်းသပ်နေတဲ့ ရင်ခွင်ဖြူလေးကို ခေါင်းတိုးပြီး နမ်းရှုပ်ပစ်လိုက်တယ်။ ၀မ့်ရဲ့ အသားလေးတွေက ကလေးတစ်ယောက်လို နူးညံ့ချောမွတ်လွန်းတယ်ဆိုတာ ကျွန်တော်ကလွဲရင် ဘယ်သူမှသိခွင့်မရှိတာ သေချာတယ်။ ဒီရင်ခွင်က ရှောင်ကျန့်တစ်ဦးတည်းပိုင်ဆိုင်ပြီး ထိတွေ့ခွင့်ရှိတာကြောင့် ဖြစ်တယ်။

"ရှောင်း... ဒီလောက်ပဲစမ်းသပ်တော့နော်.. မဟုတ်ရင် အိပ်ယာထဲကမထွက်နိုင်ရင် ကျွန်တော်ကိုအပြစ်မတင်နဲ့ " ( ၀မ်ရိပေါ် သူ့ရင်ဘတ်ကို တရှုံရှုံနမ်းနေတာကို ဘယ်လိုအင်အားမျိုးနဲ့ တောင့်ခံနိုင်မှာတဲ့လဲ ။ ဒီထက်ကြာလာလို့ မထိန်းနိုင်တော့ရင် ဒီနေ့အဖို့ ရှောင်ကျန့် အိပ်ယာထဲကထွက်နိုင်ဖို့ မမြင်ဘူး။)

"အိုခေ..အိုခေ.. ထပြီ .." ( ရှောင်ကျန့် ဆက်ကနဲထထိုင်ပြီး အိပ်ယာပေါ်ကနေအမြန်ဆင်းလိုက်တယ်။ ၀မ့်ရဲ့ တစ်ခါတည်းပဲဆိုတဲ့ အပြောက မရေတွက်နိုင်တဲ့အကြိမ်ရေတွေဖြစ်နိုင်သလို ခနလေးပါဆိုတာကလည်း နောက်တစ်နေ့ကို ကူးသွားနိုင်တာ ရှောင်ကျန့အသိဆုံးပဲဖြစ်တယ်။ )

&&&&&&&

၀မ်က Hotel မှာ မတက်မဖြစ် အစည်းအဝေးရှိနေတာမို့ ရှောင်ကျန့်တို့ ၃ယောက်ပဲ Shopping ထွက်ဖို့ဖြစ်လာခဲ့တယ်။ Vister ကလဲ နောက်တိုးချဲ့မယ် Peter တို့ Hotel အသစ်တစ်လုံးအတွက် share ပါ၀င်မှာမို့ အစည်းအဝေးကိုတတ်ရောက်ဖို့ သွားရမှာဖြစ်သည်။

၀မ်က shopping ကိုသူလိုက်မပေးနိုင်တာကြောင့် ရှောင်ကျန့်ကို Black card လေးလက်ထဲကိုထည့်လာသည်။

"၀မ်.. ဘာလုပ်တာလဲ.. ကိုယ့်မှာ ရှိပါတယ်.." ( ရှောင်ကျန့် သူ့လက်ဖ၀ါးပေါ်တင်လာတဲ့ ကဒ်လေးကိုကြည့်ပြီး ပြောလိုက်တယ်။)

String (Complete )Donde viven las historias. Descúbrelo ahora