အပိုင်း ( ၃ရ ) Unicode

2.7K 210 7
                                    

အိပ်ရေး၀သွားတဲ့အခါ မျက်ခွံတွေက အားမစိုက်ရပဲ အလိုလိုပွင့်သွားတယ်။ မျက်စိရှေ့ ပြတင်းပေါက်တွေက လိုက်ကာတွေချထား ပေမယ့် အလင်းရောင်ခပ်ပါးပါးကို မြင်နေရတာကြောင့် အချိန်မစောတော့ဘူးဆိုတာ ရှောင်ကျန့်သိလိုက်တယ်။ ၀မ်အိပ်သွားတဲ့ နေရာလေးတောင် အေးစက်စက်ဖြစ်နေပြီ။

ရှောင်ကျန့် နားရက်ရတာမို့ ညက စိတ်လွတ်လက်လွတ်သောက်ပစ်ထားတာကြောင့် ခေါင်းက အနည်းငယ်တော့ မကြည်မလင် ဖြစ်နေသေးသည်။ ညကဆိုလို့ ၀မ်ပြောတဲ့ စကားတွေပြန်တွေးမိတော့ အလိုလိုကြည်နူးရပြန်သည်။ ဘ၀င်စိမ့်တယ်ဆိုတာ ဒါမျိုးကို ခေါ်တာဖြစ်မယ်လို့ ရှောင်ကျန့်တွေးလိုက်သည်။

စောင်ပုံထဲကနေထွက်ပြီး လက်ချောင်းလေးတွေကားပြီးလက်နှစ်ဖက်ကိုအစွမ်းကုန်ဆန့်ထုတ်ကာ အညောင်းဆန့်ပစ်လိုက်သည်။ ရှောင်ကျန့် မျက်စိထဲလက်ကနဲဖြစ်သွားတာမို့ သေချာအောင် မျက်တောင်တွေပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ကြည့်နေမိတယ်။ မြှောက်ထားမိတဲ့ညာဖက်လက် လက်ခလည်ပေါ်က ပြောင်ပြောင်လက်လက်အရာလေးကိုကြည့်ပြီး မှင်သက်နေမိတယ်။

စောင်ပုံထဲကနေထွက်ပြီး လက်ချောင်းလေးတွေကားပြီးလက်နှစ်ဖက်ကိုအစွမ်းကုန်ဆန့်ထုတ်ကာ အညောင်းဆန့်ပစ်လိုက်သည်။ ရှောင်ကျန့် မျက်စိထဲလက်ကနဲဖြစ်သွားတာမို့ သေချာအောင် မျက်တောင်တွေပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ကြည့်နေမိတယ်။ မြှောက်ထားမိတဲ့ညာဖက်လက် လက်ခလည်ပေါ်က ပြောင်...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"နိုးပြီလား "

တံခါးဖွင့်သံကြောင့် စောင်းငဲ့ကြည့်လိုက်တော့ သူ့ကိုတံခါး၀ကနေပြုံးပြီးကြည့်နေတဲ့ ၀မ်.....။

"၀မ်ရိပေါ် ))))) " ( ရှောင်ကျန့် အော်ခေါ်ပစ်လိုက်ပြီး ကုတင်ပေါ်ကာ ပြေးဆင်းကာ ၀မ့်ကိုယ်ပေါ်ကို ခုန်တက်ပစ်လိုက်တယ် )

"ကျွန်တော့်ရဲ့ ကလေးလေး အဲ့လောက်တောင်ပျော်လား " ( ၀မ်ရိပေါ် သူ့ကိုယ်ပေါ် ပြေးတတ်လာတဲ့ ရှောင်ကျန့်ကို ပြုတ်ကျ မသွားအောင် ထိန်းဖက်ထားလိုက်တယ်။ ဒီအပြုအမူလေးက ကျွန်တော့်ထက် ၆ နှစ်ကြီးတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ။)

String (Complete )Where stories live. Discover now