အပိုင်း ( ၃၅ ) Zawgyi

1.2K 47 4
                                    

ဒီနေ့ ရှောင်ကျန့် Magazine cover တစ်ခုအတွက် ဓာတ်ပုံရိုက်ပေးလို့အပြီးမှာ အလုပ်ပြီးရင် CEO က Royal ရဲ့ ရုံးခန်းကိုလာခဲ့ဖို့ Bee ဆီဖုန်းဆက်ထားတာမို့ ရှောင်ကျန့်တို့လာခဲ့လိုက်တယ်။ Christmas နီးပြီမို့ အဆောက်အဦးတွေရဲ့ မျက်နှာစာမှာ Christmas tree တွေနဲ့အလှဆင်ထားသလို တစ်ချို့နေရာတွေမှာ ပွဲတော်များလုပ်ဖို့လည်းပြင်ဆင်ထားတာတွေ တွေ့ရတယ်။

Christmas ရောက်ပြီဆိုရင် နှစ်တစ်နှစ်ရဲ့ ကုန်ဆုံးချိန်လဲရောက်တော့မှာပဲလို့ ရှောင်ကျန့်တွေးလိုက်တယ်။ စဉ်းစားကြည့်ရင် ရှောင်ကျန့် ၀မ်နဲ့အတူ ဒီလိုပွဲတော်ရက်မျိုးကို နှစ်သစ်ကူးညတွေကို မဖြတ်သန်းဖူးသေးဘူး။ဒီနှစ်ကျပြန်တော့လည်း Hotel မှာ ၀မ် တာဝန်ယူထားတဲ့ အပိုင်းက ဒီလိုပွဲတော်ရက်တွေဆို အလုပ်များတာမို့ နားရက်တောင် ပြန်လာနိုင်ဖို့ မသေချာဘူးလို့ ပြောလာတယ်။

ရှောင်ကျန့် ကိုယ်ကိုတိုင်လည်း အလုပ်များတဲ့သူမို့ ၀မ့်ကို အတင်းအကျပ်ပြန်လာဖို့ တွန်းအားမပေးချင်ဘူး။ နောက်မှ နားရက်တွေ စုပြီး ကြာကြာနေမယ်လို့ တော့ ၀မ်က သူ့ကိုနှစ်သိမ့်ရှာသား။ အလုပ်ဆိုလိုမှ သတိရတယ် နောက်နှစ် ရှောင်ကျန့်အလုပ် schedule ကို သတိရမိသွားတယ်။

"Bee, CEO ကိုသွားတွေ့ပြီးရင် ဘာရှိသေးလဲ "

" Interview တစ်ခုရှိမယ် ကျန့် .. ပြီးရင် နားလို့ရပြီ.. ဘယ်သွားချင်လို့လဲ"

"နောက်နေ့တွေကော.. Bee.. "

"နက်ဖြန်ကစပြီး နှစ်ကူးပြီး ၁၀ ရက်လောက်ထိ အဲ့အချိန်ကို CEO က ပြီးခဲ့တဲ့လတွေတကည်း ဖယ်ခိုင်းထားတာ .. ကျန့် သူဘာအစီအစဉ်ရှိလို့လဲမသိဘူး .. ခု‌ခေါ်တာ အဲ့အတွက်များဖြစ်မလားမသိဘူး.."

"အင်း.. ငါလဲထင်လို့ မင်းကို မေးကြည့်တာ..တစ်ခါပြောဖူးတာ သတိရသွားလို့ "

"ကျန့် ကို Program အသစ်များ ချပေးမလို့လား မသိဘူး "

"အင်း မပြောတတ်ပါဘူး.. ဒါနဲ့ မင်းတို့ ဒီလိုချိန် အိမ်မလွမ်းကြဘူးလား.. ပြန်ချင်တယ်ဆို အားမနာနဲ့ ငါခွင့်ပေးမယ်" ( ရှောင်ကျန့် နဲ့ တွေ့ပြီးမှ Bee တို့ညီအစ်ကို တစ်ခါမှ သူ့ဇာတိကိုမပြန်ရတာကြောင့် မေးလိုက်ခြင်းဖြစ်သည်။)

String (Complete )Nơi câu chuyện tồn tại. Hãy khám phá bây giờ