အပိုင်း ( ၃၀ ) Unicode

3K 245 4
                                    

ရှောင်ကျန့်တို့ အဖွဲ့ Chongqing ရောက်ခဲ့ကြသည်။ မရောက်တာကြာပြီဖြစ်တဲ့ Chongqing က အရင်လိုလှပနေတုန်းပဲ။ ရှောင်ကျန့် တို့ Chongqing ကို အရေးကြီးတဲ့ ကြားဖျတ်ရိုက်ကူးရေး တစ်ခုကြောင့် သတ်မှတ်ရက်ထက်တစ်လ နောက်ကျပြီးမှ လာဖြစ်ခဲ့သည်။

အင်း ဘာလိုလိုနဲ့ ၀မ် ပြင်သစ်ကိုသွားတာ တစ်လကျော်သွားပြီပဲ။ ပြင်သစ်မသွားခင်ညက ရှောင်ကျန့်အခန်းထဲ ခေါင်းအုံးလေးပိုက် ပြီး ၀င်လာတဲ့ကောင်လေးတစ်ယောက်ရှိတယ်။ ဘယ်သူထင်မလဲ ၀မ်ရိပေါ်ဆိုတဲ့ အချေကောင်လေးက တစ်ခါတလေလဲ ထင်မထား တာတွေ ထပြီးလုပ်တတ်တာ။

ရှောင်ကျန့်နဲ့ အတူအိပ်မယ်ဆိုပြီးအိပ်ယာပေါ်မှာ ရှောင်ကျန့် နောက်ကျောကနေ တင်းကြပ်အောင်ဖက်ထားတဲ့ကောင်လေးရဲ့ အကြောင်းပြချက်က သူကိုယ်သူစမ်းသပ်ကြည့်နေတာဆိုပဲ။ ရိပေါ်က တစ်ကယ့်ကို လက်တွေ့ဆန်တဲ့ကောင်လေး။

၀မ့်အတွက် စမ်းသပ်ချက်တစ်ခုဆိုရင်တောင် ရှောင်ကျန့်အတွက်ကတော့ တောင့်တလွန်းတဲ့ရင်ခွင်ကျယ်မှာတစ်ညတာ မှေးစက်ခွင့် ရတာကိုပဲ ကျေနပ်နေမိပြန်တယ်။ သူ့ချစ်ခြင်းတွေ ဒီက‌လေးပေါ်မှာ စစ်မှန်တာမို့ မေ့ပျောက်နေတဲ့ မှတ်ညဏ်တွေအမြန်ဆုံး သတိရဖို့ ရှောင်ကျန့် သစ္စာပြုမိတယ်။

Bee ပြောပြချက်အရဆို ၀မ် က အလုပ်ကိစ္စတွေကို ကောင်းကောင်း လေ့လာနေတယ်လို့ဆိုသည်။ ၀မ် အဆင်ပြေတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။

ရိုက်ကူး‌ရေးက နောက်နှစ်ရက်လောက်နေမှစမှာမို့ ရှောင်ကျန့် မတွေ့တာကြာတဲ့ ပါးနဲ့မားဆီ Dee နဲ့အတူလာခဲ့လိုက်သည်။

"ပါး... မား.. သားလာတယ်.. သားမရောက်တာကြာလို့ စိတ်မဆိုးဘူးမလား ..မား ပါးကိုသွားတွေ့ပြီး သေချာတောင်းပန်လိုက်တယ် မလား.. ပါး မားကိုခွင့်လွှတ်ပေးလိုက်ပါ.. ပါး နဲ့မား အေးအေးချမ်းချမ်း ရှိနေရင် ကျေနပ်ပါပြီ.. မား သားကို စိတ်မပူနဲ့နော်.. "

မရောက်တာကြာပြီမို့ ရှောင်ကျန့် ပါးနဲ့မားကို ပြောစရာစကားတွေများလွန်းတယ်ထင်ပေမယ့် တစ်ကယ်တမ်းကျတော့ မပြောဖြစ်ပြန်ဘူး။

String (Complete )Donde viven las historias. Descúbrelo ahora