အပိုင်း ( ၁၅ ) Zawgyi

1.4K 67 7
                                    

ရှောင်ကျန့် ကွန်ဒိုပြန်ရောက်တော့ ရိပေါ် လည်းပြန်မရောက်သေးပေ။ Bee တို့ညီအကို ကိုပဲ ၀ယ်လာတဲ့ ရိပေါ်အတွက် အိပ်ယာခင်း အသုံးအဆောင်းပစ္စည်းတွေကို ပြင်ဆင်ပေးဖို့ အကူအညီတောင်းပြီး အခန်းထဲဝင်ခဲ့လိုက်သည်။ နေ့လည်စာလည်း စားချင်စိတ်မရှိ တာကြောင့် ရိပေါ်ြ

ပန်လာလို့ နေ့လည်စာစားမယ်ဆို လုပ်ပေးဖို့ပါ မှာထားလိုက်သည်။

လျှိုရှီးလိန်ဆိုတဲ့ အဲ့ဒီလူယုတ်မာမျက်နှာကိုမြင်ရတိုင်း ရှောင်ကျန့် သူခံစားခဲ့ရတာတွေကို ပြန်တွေးမိသည်။တော်ရုံစိတ်ဓာတ်ရှိတဲ့ လူသာ ရှောင်ကျန့်နေရာမှာဆိုရင် ကိုယ့်ကိုကိုယ်အဆုံးစီရင်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် လျှိုရှီးလိန်ရဲ့ အဘောအတိုင်းလိုက်လျောတာပဲ ဖြစ်ဖြစ် လုပ်ကြမည်မှာမလွဲပေ။

ရှောင်ကျန့်ကပင်ကိုယ်အတွေးများတဲ့ဆိုပေမယ့် စိတ်မာသည်။ အဲ့ဒါကြောင့်လည်း ခုချိနထိတောင့်ခံနိုင်ခြင်း ဖြစ်သည်။ လျှိုရှီးလိန် လိုလူမျိုးကလူတစ်ယောက်ကို ထွက်ပေါက်မဲ့အောင်ယုတ်မာပြီး သူလိုရာကိုဆွဲခေါ်မယ့်သူဖြစ်သည်။ ခုပုံစံအတိုင်းဆို ဘာတွေထပ် ပြီး ကြံစည်ဦးမည်မသိ။

ရှောင်ကျန့် လျှိုရှီးလိန် ဆုပ်ကိုင်ခဲ့တဲ့လက်ကို ရေအထပ်ထပ်ဆေးနေမိသည်။ ရွှံလိုက်တာ မုန်းလိုက်တာလို့ စိတ်ထဲကခါးခါးသီးသီး ပြောနေမိသည်။ သူတွေးနေရင်း လက်ကောက်ဝတ်ကိုဆပ်ပြာတိုက်ရင်း ဘယ်လောက်တောင်ပွတ်မိနေတယ်မသိ စပ်ဖျင်းဖျင်းခံစား ရမှ သတိဝင်လာမိသည်။ လက်ကောက်ဝတ်တစ်ခုလုံး ရဲရဲနီကာ အရေပြားတွေပွန်းနေပြီဖြစ်သည်။

စိတ်တွေနုံးချိစွာနဲ့ အိပ်ယာထက်ကိုလှဲချလိုက်သည်။ သူနောက်ထပ်ဘာတွေကြုံတွေ့ပြီး ရင်ဆိုင်ရအုံးမှာလဲလို့တွေးနေမိသည်။

&&&&&&&

" Peter ကျနော်ပြန်တော့မယ် မနက်ကတည်းကထွက်လာတာဆိုတော့.. " ( ပြောပြီးမှ ဘာအဓိပ္ပာယ်ကြီးလဲဆိုတာ စဉ်းစားမိပြီး ကိုယ့်ကိုကိုယ်မလုံမလဲဖြစ်မိသည်။ Peter က သူ့ကို ပြုံးစိစိနဲ့ စိုက်ကြည့်နေသည်။ Peter တို့အတွဲ နဲ့ နေ့လည်စာအတူစားပြီး ပီတာနဲ့ လူချင်းတွေ့တုန်း အလုပ်ကိစ္စဆွေးနွေးနေတာမို့ ညနေစောင်းသွားပြီဖြစ်သည်။ )

String (Complete )Tempat cerita menjadi hidup. Temukan sekarang