အပိုင်း ( ၃၃ ) Unicode

3.1K 228 6
                                    

ရှောင်ကျန့် လေးလံနေသေးတဲ့ မျက်ခွံတွေကိုဖွင့်ဖို့ မနည်းအားယူနေရတယ်။ ဗိုက်ထဲကပိုးမျိုး၈၀လောက်က ဆာလောင်မှုကြောင့် သောင်းကျန်းနေကြပြီ။ နှာခေါင်း၀ကိုတိုး၀င်လာတဲ့ အနံ့သင်းသင်းလေးကြောင့် ဆာလာမှုကပိုဆိုးလာသလိုပဲ။ ဗိုက်ကသာ ဆာလောင်နေတာ ရှောင်ကျန့် လက်ချောင်းလေးတစ်ချောင်းတောင် လှုပ်ချင်စိတ်မရှိဘူး။

ဒီနေ့သူအလုပ်ရှိသေးတယ်ဆိုတာ သတိရမိတော့ မျက်ခွံတွေကို ကြိုးစားပြီး ဖွင့်ကြည့်လိုက်တယ်။ အမြင်တွေက ၀ိုးတိုး၀ါးတားဖြစ်နေတာမို့ မျက်စိကိုဖွင့်လိုက် ပိတ်လိုက် နှစ်ခါလောက်လုပ်ကြည့်လိုက်တော့ သူ့ကိုလက်ထောက်ကာ ပြုံးပြီး ကြည့်နေတဲ့ မျက်နှာလေး။

"နိုးပြီလား...." ( ၀မ်ရိပေါ် ရှောင်ကျန့်ပါးလေးကိုင်ကာ မေးလိုက်တယ်။ ရှောင်ကျန့်ရဲ့ အိပ်ချင်မူးတူးဖြစ်နေတဲ့ရုပ်လေးက ချစ်ဖို့ကောင်းတယ်။ ချစ်တဲ့မျက်စိနဲ့ကြည့်လို့အရာရာ ချစ်ဖို့ကောင်းနေတာလားတော့ ၀မ်ရိပေါ်မပြောတတ်ဘူး။ )

" ၀မ်... ဘယ်ချိန်ရှိပြီလဲ..ဗိုက်ဆာလိုက်တာကွာ.."

ရှောင်ကျန့် မေးလိုက်ပြီး သူ့ပါးပေါ် အုပ်ကိုင်ထားတဲ့ ၀မ့်လက်လေးကို ဆွဲယူလိုက်ပြီး နှုတ်ခမ်းသားလေးနဲ့ထိတွေ့လိုက်တော့ ရင်ခွင်ကျယ်လေးက အလိုက်သိအနားကိုရွေ့လာပေးတယ်။ ရှောင်ကျန့် အနားကိုတိုးကပ်လိုက်တော့ ခုနရတဲ့ အနံ့သင်းသင်းလေးက ၀မ့်ဆီကဆိုတာ သိလိုက်တယ်။ လူကြီးဆန်ချင်နေတဲ့ကလေးလေးကို ရှောင်ကျန့် ချွဲချင်နေမိတယ်။

၀မ် တောင် ရေချိုးပြီးသွားပြီပဲဆိုတာ သိလိုက်တော့ ရှောင်ကျန့် သူ့ကိုယ်မှာ ၀တ်ထားတဲ့ ညအိပ်၀တ်စုံလေးကြောင့် ပြုံးလိုက်မိတယ်။ ၀မ်ကလေးလေးး အလိုက်သိတတ်မှုကြောင့် ရှောင်ကျန့် ချစ်စိတ်တွေပိုပြီး ရင်ခွင်ကျယ်လေးကို ဖိနမ်းလိုက်တယ်။

"အွန်းး နေ့လည် ၃ နာရီခွဲပြီ.. စားစရာတစ်ခုခုယူလာပေးရမလား "

"အင်းး ဗိုက်အရမ်းဆာနေတယ်.. စားပြီးရင် ပြန်အိပ်... အမ်..ခုနပြောတာ ဘယ်နနာရီ.." ( ရှောင်ကျန့် ခပ်ချွဲချွဲလေးပြောလိုက်ပြီးမှာ ပြောလိုက်တဲ့အချိန်ကို သတိရပြီး အလန့်တကြားပြန်မေးလိုက်တယ်။)

String (Complete )Tempat cerita menjadi hidup. Temukan sekarang