မျက်လုံးလေးပြူးကာ ပါးစပ်အဟောင်းသားနဲ့ သူ့ကိုကြည့်နေတဲ့ ရှောင်ကျန့်ပုံစံက ၀မ်ရိပေါ်အတွက် ရီကျောမိသွားသလား ထင်မိသည်။
"ဟား ဟား ရှောင်ကျန့်..ခင်ဗျား အရမ်းလန့်ပြီး ကျနော်ကိုတောင် မမှတ်မိတော့တာလား..ဟား ဟဟ"
ရှောင်ကျန့် သူ့ရှေ့ အူလှိုက်သဲလှိုက်ရီနေတဲ့ ရိပေါ်က တခြားသူတစ်ယောက်လားထင်ရအောင်ကိုပါပဲ။ အမြဲတမ်းတည်ပြီး ချေနေတဲ့ မျက်နှာထား နဲ့ ၀မ်အချေကောင်လေးရဲ့ ရီပုံကြောင့် ရှောင်ကျန့်အံ့သြနေခြင်းဖြစ်သည်။ ဒီကောင်လေး ညအချိန်မတော်တွေပြန် လာလို့များ အပြင်ကမကောင်းတဲ့အရာတခုခုကပ်ပါလာတာများလားထင်မိသည်။
"၀မ်ရိပေါ်.. တစ်ကယ် မင်းလား.." ( ရှောင်ကျန့် သေချာအောင် ထပ်မေးလိုက်တော့ ချက်ချင်းပြန်တည်သွားကာ တံခါးဖွင့်ကာ ၀င်သွားတော့သည်။ အင်း သေချာပါပြီ ကပ်ပါလာတဲ့ မကောင်းဆိုး၀ါး ပြန်ထွက်သွားတာဖြစ်မည်လို့ ရှောင်ကျန့် တွေးလိုက်သည်။)
"ရှောင်ကျန့် .. မ၀င်ပဲဘာလုပ်နေတာလဲ.." ( ၀မ်ရိပေါ် သူ့ကိုယ်သူ သတိလက်လွတ်ရီမိသွားတာမို့ သတိ၀င်တာနဲ့ ချက်ချင်း ပြန်ထိန်းလိုက်သည်။ သွားပါပြီ ၀မ်ရိပေါ်ရဲ့ image ပျက်ပါပြီကွာလို့ စိတ်ထဲကငြီးတွားပြီး ရှောင်ကျန့်ကို လှမ်းအော် လိုက်သည်။)
"အော်.. အေး.. လာပြီ.." ( ရှောင်ကျန့် ရိပေါ် အခန်းထဲကိုခပ်သွက်သွက် ၀င်ခဲ့လိုက်သည်။ မဟုတ်ရင် ဟိန်းဟောက်တဲ့အသံက ထွက်လာအုံးမယ်လေ။)
"ပြောပါအုံး.. ကျနော့်အခန်း၀မှာ အိပ်ငိုက်နေတဲ့အကြောင်း .." ( ၀မ်ရိပေါ် ဘာမှမသိသေးတဲ့ပုံစံနဲ့ ခပ်တည်တည်မေးလိုက်သည်။)
"လာ..ထိုင်အုံး.. မင်းကို သတင်းကောင်းပြောချင်လွန်းလို့ စောင့်နေတာ.." ( ရှောင်ကျန့် ရိပေါ် လက်ကို လှမ်းဆွဲလိုက်ပြီး ထိုင်ဖို့ပြောလိုက်သည်။ သူ့ရဲ့ သတင်းကောင်းကို ဒီကောင်လေးကိုပြောပြချင်လွန်းလို့ အရမ်းအိပ်ချင်တာတောင် မအိပ်ပဲစောင့် နေခြင်းဖြစ်သည်။)
"အား.." ( ရုတ်တရက် ဒဏ်ရာအပေါ်ကို ဖိကိုင်လိုက်သလိုဖြစ်သွားကာ နာသွားတာမို့ ၀မ်ရိပေါ်အသံထွက်သွားခြင်းဖြစ်သည်။)
ESTÁS LEYENDO
String (Complete )
Fanficတစ်ချိန်က နာမည်ကျော်အဆိုတော် ရုပ်ရှင်မင်းသားစူပါစတားတစ်ယောက်ဖြစ်တဲ့ရှောင်ကျန့် လုပ်ကြံခံခဲ့ရလို့ အနုပညာလောကမှာ နာမည်ပျက်ပြီး ထောင်ကျခဲ့ရသလို........... ငယ်စဥ်ကတည်းက နိုင်ငံခြားသားကြေးစားအလွတ်အေးဂျင့်တစ်ဦးရဲ့ မွေးစားခြင်းခံခဲ့ရပြီး အီတလီကိုပါသွားခဲ့...