အပိုင်း ( ၃၂ ) Zawgyi

1.3K 44 10
                                    

"Leo မင်းဘယ်တော့ ပြင်သစ်ပြန်မှာလဲ."

ဒီနေ့ Breakfast ၀ိုင်းမှာလူစုံတာမို့ Viter မေးလိုက်ခြင်းဖြစ်သည်။ Chongqing ကပြန်လာပြီးကတည်းက ရှောင်ကျန့်နား ပက်ကျိလို တစ်ချိန်လုံးကပ်နေတာမို့ အမြင်ကတ်ဖို့ကောင်းသည်။ ပြင်သစ်ကို အမြန်ဆုံးသွားချင်တယ်ပြောတုန်းက သူမဟုတ်တဲ့အတိုင်း။ ပြီးတော့လည်း နေနိုင်တာလဲမဟုတ်။)

"ခင်ဗျား ရှောင်ကျန့်ကို နားရက်ပေးတဲ့ နေ့...."

ရှောင်ကျန့် ဒီတလောနားရက်ကိုမရှိ ချုံချင်းကပြန်ရောက်ကတည်းက ဆက်တိုက်ရူတင်တွေရှိနေသည်။ Royal ent မှာ ရှောင်ကျန့် တစ်ယောက်တည်းရှိသလိုကို အလုပ်များနေခြင်းဖြစ်သည်။ ကုမ္ပဏီက ရှောင်ကျန့်ကို ဒီလောက်ခိုင်းရမလားဆိုပြီး ၀မ်ရိပေါ် CEO ဖြစ်တဲ့ Vister ကို အမြင်ကတ်မိသည်။

"၀မ်.. " ( ရှောင်ကျန့် အားနာသွားတာမို့ ဟန့်လိုက်သည်။ ဆက်တိုက်ကို အလုပ်များနေတာမို့ ဒီကောင်လေးကိုသီးသန့်အချိန်မပေးနိုင် တာကိုစိတ်ကောက်နေခြင်းဖြစ်သည်။ Peter ကတော့ ဘာမှဝင်မပြောပဲ ပြုံးလို့သာကြည့်နားထောင်နေသည်။)

"ဟ.. အလုပ်လုပ်နေတာလေကွာ.. ခုချိန်က ရှောင်ကျန့်အချိန်လို့ပြောလို့ရအောင်ကို နာမည်ရနေတာကိုး "

"အဲ့ဒါဆိုလဲ ကျွန်တော့်ကို ဘယ်နေ့ပြင်သစ်ပြန်မလဲ လာမမေးနဲ့... " ( ကိုယ်ချင်းမစာ သူများတကာက ခုမှ ချစ်စခင်စ အခြေအနေကို အလိုက်ကန်းဆိုးမသိပြောနေတဲ့ ယောက်ဖတော် Vister ၀မ်ရိပေါ် ဘုတောပစ်လိုက်သည်။)

"မင်း အလုပ်မလုပ်တော့ဘူးလား Leo မင်းယူထားတာ ဒါရိုက်တာရာထူးလေ.."

"အဲ့ဒီ Hotel မှာ ကျွန်တော်တစ်ယောက်တည်းရှိတာမဟုတ်ဘူး.. CEO ဖြစ်တဲ့ ကျွန်တော့်အကိုတောင်ဘာမှမပြောဘူး ခင်ဗျားက ဘာဖြစ်နေတာလဲ"

"အေး မင်းမသွားတော့ ငါ့လင်ပဲ ခနခန သွားနေရတယ်လေ.. " ( တစ်ခွန်းမကျန်စွာနေတဲ့ ကောင်လေးကို Vister လဲ ပြန်စွာနေမိသည်။)

"မကျေနပ်ရင် ခင်ဗျားလိုက်သွားပေါ့.. Royal မှာ ရှောင်ကျန့်လောက် ခင်ဗျားက အလုပ်မှမများတာ. ..ဒါမှမဟုတ် ရှောင်ကျန့်ကို ပြင်သစ်မှာ ကားရိုက်ဖို့စီစဉ်ပေးလိုက်.. "

String (Complete )Hikayelerin yaşadığı yer. Şimdi keşfedin