အပိုင်း ( ၁၉ ) Unicode

3.3K 286 16
                                    

ရှောင်ကျန့် ရင်ဘတ်ကိုဖိကာ တံခါးကိုမှီပြီးထိုင်ချလိုက်သည်။ သူ့ရင်တစ်ခုလုံး အသက်ရူရခက်လောက်အောင်ကို တင်းကြပ် နေသည်။ ရိပေါ်ပြောတဲ့ သူပြန်မလာနိုင်တော့ရင်ဆိုတဲ့စကားက ဘာအဓိပ္ပာယ်လဲ.. Bee တို့ကိုမှာနေတဲ့ပုံစံက အန္တရာယ်ရှိတဲ့လမ်းကို သွားရမယ့် သူလိုမျိုး။

အမှန်တော့ ရှောင်ကျန့်မနေ့ကတည်းက ရိပေါ်ညဖက်အပြင်ထွက်သွားတာကိုသိလိုက်ခြင်းဖြစ်သည်။ ညဖက်ကြီး ထွက်သွားတာမို့ ဘာများဖြစ်လို့လဲစိတ်ပူကာ ထိုင်စောင့်နေခဲ့သည်။ မိုးလင်းမှပြန်လာပြီး တံခါးဖွင့်သံကြားမှ ရှောင်ကျန့်အခန်းထဲပြန်၀င်ကာ အိပ်ချင်ယောင်ဆောင်နေခြင်းဖြစ်သည်။

ဒီနေ့လဲ ရိပေါ်ဘာအလုပ်တွေလုပ်နေလဲဆိုတာ သိချင်မိတာကြောင့် တိတ်တဆိတ်လိုက်ကြည့်ဖို့ အစောကြီးအိပ်ယာ၀င်ခဲ့ လိုက်သည်။ ရိပေါ် သူ့အခန်းကိုလာကြည့်ပြီး တံခါးပြန်ပိတ်သွားတဲ့အချိန်မှာ ရှောင်ကျန့်အိပ်ယာပေါ်က အသာထကာ အခန်းပြင်ကို တံခါးလေးအသာဟကာ နားစွင့်နေလိုက်သည်။

ရိပေါ်က ဖုန်းပြောလို့အပြီးမှာ အပြင်မသွားတော့ပဲ ဧည့်ခန်းထဲမှာ ထိုင်စောင့်နေသည်။ခနအကြာမှာ Beeတို့ညီအစ်ကိုရောက်လာပြီး Laptopဖွင့်ကာ ဘာကြည့်နေမှန်းတော့ ရှောင်ကျန့်မသိပေ။ အသံကြားရရုံသာ တံခါးကိုအနည်းငယ်ဟထားခြင်းဖြစ်သည်။

သူတို့ပြောနေတဲ့ ကျန်တဲ့ကိစ္စတွေကို ‌ရှောင်ကျန့်ရေရေရာရာမသိ။ သိလဲမသိချင် သူသိချင်တာက ဘာလို့ခုလိုလုပ်ရတာလဲ ဆိုတာကိုပင်။ ရိပေါ် သူ့ကိုအလိမ်အညာ စကားလေးတစ်ခွန်းနဲ့ဖြစ်ဖြစ် နှစ်သိမ့်ခဲ့မယ်ဆိုရင်တော့ ကျေနပ်နိုင်သေးသည်။ ခုတော့ မပြောမဆိုနဲ့ ဒီတိုင်းထွက်သွားဖို့ကို ရိပေါ်က ဆုံးဖြတ်ခဲ့သည်။

တစ်ကယ်ဆိုအန္တရာယ်လမ်းကိုသွားမယ့်သူက Beeတို့ကိုခေါ်သွားရမှာမဟုတ်ဘူးလား။ ခုတော့ ဘာမှမဖြစ်မယ့်သူ့ကို ကလေးငယ် တစ်ယောက်လို စောင့်ရှောက်ပေးဖို့ မှာနေပြန်သည်။ ၀မ် မင်းကို ကိုယ်ဘယ်လိုနားလည်ပေးရမှန်းကို မသိတော့ဘူးလို့ ရှောင်ကျန့် ၀မ်းနည်းစွာရေရွတ်မိသည်။

String (Complete )Hikayelerin yaşadığı yer. Şimdi keşfedin