အပိုင်း ( ၂၉ )Unicode

2.9K 243 6
                                    

၀မ်ရိပေါ် ကလပ်တစ်ခုလုံးနေရာအနှံ့ ရှောင်ကျန့်ကို လိုက်ရှာနေမိသည်။ ရှောင်ကျန့်သာ တစ်ခုခုဖြစ်သွားရင်ဆိုတဲ့အတွေးက သူ့ရင်ကို မီးမြှိုက်နေသလိုခံစားရသည်။ ဖုန်းတွေဆက်တိုက်ခေါ်နေပေမယ့် ဖုန်းမကိုင်တဲ့ ရှောင်ကျန့်ကြောင့် သူပိုပြီး စိတ်ပူနေမိသည်။ ရှောင်ကျန့် သာ တစ်ခုခုဖြစ်လို့ကတော့ အဲ့လူကို အရေခွံဆုတ်ပစ်မယ်လို့ ကျိန်းပစ်လိုက်ပေမယ့်..ဟင့်အင်း ရှောင်ကျန့် ဖုန်းကိုင်စမ်း.. ခင်ဗျား ဘာမှမဖြစ်ရဘူး...။

"တွေ့လား.. မတွေ့ဘူးလား.. အားးး ရှောင်ကျန့်တစ်ခုခုဖြစ်ရင် ဘယ်သူ့ကိုမှခွင့်မလွှတ်ဘူး.."

၃ယောက်သား Club တစ်ခုလုံးကို မွှေနှောက်ရှာဖွေပေမယ့် ရှောင်ကျန့်ကို မတွေ့တာမို့ Leo ဒေါသကြောင့် မျက်နှာတစ်ခုလုံး ရဲရဲတောက်နေသည်။ နောက်ဆုံး Club ထဲကထွက်လာလိုက်ပြီး ကားရပ်ထားတဲ့ဆီကို လာခဲ့လိုက်သည်။ ကားပေါ်မှာ ရှောင်ကျန့်ဖုန်းလေးက မီးတဖျတ်ဖျက်လင်းလို့..။

"အားးး ..၀ုန်းးး ဒုန်းး ..." ( ၀မ်ရိပေါ် မခံစားနိုင်စွာ ကားကိုပိတ်ကန်ပစ်လိုက်သည်။ )

"Leo စိတ်အေးအေးထား.. " ( Bee က သူ့လူတွေကို အကူညီတောင်းဖို့ ဖုန်းဆက်နေတာမို့ Dee က Leo ကိုမနည်းဆွဲထားရသည်။ )

"ဘယ်လို စိတ်အေးနိုင်မှာလဲ.. ရှောင်ကျန့်တစ်ယောက်လုံး ပျောက်သွားတာ... "

ဒေါသထွက်နေတဲ့ Leo က တစ်ကယ့်ကို ခြင်္သေ့နာလေးတစ်ကောင်လိုပဲလို့ Dee ထင်မိသည်။ တဆက်တည်းမှာပဲ Leo ဦးနှောက်က လက်မခံနိုင်သေးပေမယ့် နှလုံးသားက ရှောင်ကျန့်ကို နဲနဲလေးမှထိခိုက်မခံနိုင်တာကို သိလိုက်ရသည်။

" ၀မ်... ဘာဖြစ်နေကြတာလဲ "

ရှောင်ကျန့် လျိုရှီးလိန်နဲ့စကားပြောဖို့ Club ထဲကထွက်ခဲ့ပြီး Club ရဲ့ မျက်စောင်းထိုးလောက်မှာ ကော်ဖီဆိုင်လေးတွေ့တာမို့ အေးအေးဆေးဆေး ပြောလို့ရအောင် သွားလိုက်ခြင်းဖြစ်သည်။ လျိုရှီးလိန်ကလဲ တစ်ယောက်တည်းဖြစ်သလို သူလဲ သူ့ကိုယ်သူ ကာကွယ်နိုင်တဲ့ အခြေအနေဖြစ်တာကြောင့်လဲပါသည်။

String (Complete )Tempat cerita menjadi hidup. Temukan sekarang