အပိုင်း ( ၄၂ ) Unicode

2.4K 174 6
                                    

ရှောင်ကျန့်တို့ နှစ်ယောက်လည်း P ကောတို့နဲ့အတူ လက်ထပ်မှတ်ပုံတင်ခဲ့တယ်။ V ကောက New York ကိုပြန်ရောက်ရင် ဧည့်ခံပွဲကို ခမ်းခမ်းနားနားလေး သေချာလုပ်ပေးမယ်ပြောတယ်။ ရှောင်ကျန့်အတွက်ဆိုရင်‌တော့ ၀မ်ရိပေါ်ကို ပိုင်ဆိုင်ရတာနဲ့တင် ခမ်းနားလွန်း နေပြီ။

ဒါပေမယ့်အနုပညာရှင်တစ်ယောက်အနေနဲ့တော့ သူ့ကိုချစ်ခင်ပြီးအားပေးတဲ့ ပရိတ်သတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုတော့ လေးစားတဲ့အနေနဲ့ သူ့ဘ၀ရဲ့ နောက်ဆုံးအချိန်ထိ ဆွဲခေါ်သွားမယ့်ကြိုးမျှင်လေးကို တရား၀င်ချပြသွားမှာဖြစ်တယ်။

ရှောင်ကျန့်အတွက် ၀မ်ရိပေါ်ကို သူ့အနုပညာလောကမှာတရား၀င်ချပြလိုက်လို့ ထွက်ပေါ်လာမယ့် အကြောင်းအရောတွေအပေါ် နဲနဲလေးမှ စိုးရိမ်မှု ကြောက်ရွံမှု နောင်တရမှု ဆိုတာတွေ ရှိလာမှာမဟုတ်ဘူး။ ၀မ်ရိပေါ်ဆိုတဲ့ ရှောင်ကျန့်ရဲ့ ချစ်မ၀လေးက သူ့ဘ၀ အတွက် ဂုဏ်ယူစရာကောင်းတဲ့ ပိုင်ဆိုင်မှုလေးတစ်ခုပဲ။

ရှောင်ကျန့်တို့ မင်္ဂလာစုံတွဲနှစ်တွဲ လက်ထပ်မှတ်ပုံတင်ပြီး အိမ်နားက ဘုရားကျောင်းက ဘုန်းတော်ကြီးရှေ့မှာ သစ္စာပြုပွဲလေးလုပ်ပြီး ညဖက်ကို Hotel မှာပဲမိသားစုဒင်နာလေးလုပ်ပြီး ပျော်ခဲ့ကြတယ်။ ကြီးကျယ်ခမ်းနားနေစရာမလိုသလို ဘာဂုဏ်တုဂုဏ်ပြိုင်တွေ ကင်းစင်တဲ့ အေးချမ်းနွေးထွေးတဲ့ လက်ထပ်ပွဲလေးဖြစ်ခဲ့တယ်။

Holiday တောက်လျှောက် ပင်ပမ်းခဲ့ကြတဲ့ Hotel က၀န်ထမ်းတွေအကုန်လုံးကို Bonus ကောင်းကောင်းပေးပြီး တခြားလိုအပ်တဲ့ နေရာကို လှူဒါန်းဖို့ စီစဥ်ခဲ့ကြတယ်။

" ဟာ .. ကျန့်ရေ ကြည့်စမ်း.. ဒါမင်းတို့ မဟုတ်လား "

Hotel မှာ ညစာစားနေရင်း ဖုန်းကြည့်နေတဲ့ Deeက လူပြောများနေတဲ့ သတင်းတစ်ခုကိုပြလာတယ်။ ရှောင်ကျန့်ကြည့်လိုက်တော့ နယူးရီးယားညက မီးရူးမီးပန်းရောင်စုံတွေအောက်မှာ ဒူးလေးတစ်ဖက်ထောက်ပြီး လက်စွပ်ဗူးလေးကို ကိုင်ပြီး မော့ကြည့်နေတဲ့ ကောင်လေး နဲ့ အဲ့ကောင်လေးကို ငုံကြည့်နေတဲ့ ကောင်လေး ။

မထင်မှတ်ထားအောင်ကိုပဲ ပုံလေးက အသက်၀င်လွန်းတယ်။ ကြည့်ရတာ အဲ့ညက လက်ခုပ်တီးအားပေးတဲ့ထဲက သူတစ်ယောက် ယောက်က ရိုက်ပြီး တင်ခဲ့ပုံရတယ်။

String (Complete )Dove le storie prendono vita. Scoprilo ora