အပိုင်း ( ၁၀ )Zawgyi

1.5K 69 2
                                    

တံခါး passwords နှိပ်သံကြောင့် ဒါဟာ ရိပေါ်ပဲလို့ ရှောင်ကျန့် သိတာမို့ ထွက်မကြည့်ဖြစ်ဘူး။ ခုဆို ရိပေါ်နဲ့ သူ အချင်းချင်းအခန်း passwordsတွေ သိတဲ့အထိ ရင်းနှီးမှုရှိလာတယ်လို့ ပြောလို့ရတယ်။ဒီအခန်းကထွက်ခွာရတော့မယ်လို့ တွေးလိုက်မိတော့ ၂နှစ်နီးပါး နေလာတဲ့သံယောဇဉ်ကြောင့်လား ဒါမှမဟုတ် ရိပေါ် နဲ့ ‌ဝေးကွာသွားလို့များလားဆိုတဲ့ အတွေးကိုလဲ အဖြေမရှာချင်ဘူး။

ပြီးခဲ့တဲ့ရက်က ရှောင်ကျန့်ဆီ Royal Ent အတွင်းရေးမှူး ကဆက်သွယ်လာတယ်။ နောက်အပတ်ထဲမှာ ပြောထားတဲ့ US brand ပစ္စည်းကြော်ငြာစတင်ရိုက်ကူးမှာဖြစ်ပြီး ရှောင်ကျန့်နဲ့ လိုက်ဖက်မယ့်ဇာတ်လမ်းကိုလဲ ရွေးချယ်ထားတာမို့ ဆွေးနွေးမယ်လို့ အကြောင်းကြာလာတယ်။ လုပ်ငန်းစတင်ပြီဖြစ်တာမို့ ရှောင်ကျန့်ကို လက်ရှိနေတဲ့နေရာကနေ သူတို့စီစဉ်ပေးတဲ့နေရာမှာ ပြောင်းနေပေးဖို့ပြောလာသည်။

ရှောင်ကျန့်အတွက် ရေငတ်တုန်း ရေတွင်းထဲကျဆိုသလိုပဲ ရင်ထဲက အပူလုံးကြီးဝုန်းကနဲကျသွားတယ်။ သူ့ကံဇာတာတွေ ရုတ်တရက်ကြီး တတ်လာကိုလဲ မအံ့သြပဲမနေနိုင်ဘူး။ ဒီအခန်းလေးက စာချုပ်ပြည့်တော့မှာလေ နောက်ထပ်စာချုပ် ထပ်ချုပ်ဖို့ ရှောင်ကျန့်တစ်ကယ်ကိုအခက်တွေ့နေရတဲ့အနေထား။

မနက်ဖြန်ကျရင် နေရာသစ်ကိုပြောင်းရမှာဖြစ်ပြီး လိုအပ်တာတွေသိမ်းထားဖို့ ပြောလာတာမို့ ရှောင်ကျန့် သိမ်းဆည်းနေခြင်း ဖြစ်သည်။ တစ်ကယ်တမ်းသွားရမယ်ဆိုတော့ ရင်ထဲကလေးလံမှုက အဖြေမရှိ အမှန်ဆို သူတက်ကြွပြီး ပျော်ရွှင်နေရမှာ မဟုတ်ဘူးလား။ ခုတော့ ပစ္စည်းသိမ်းနေရင်း ကြမ်းပြင်ပေါ် စိတ်ပျက်လက်ပျက် ထိုင်ချနေမိတဘ်။

"ရှောင်ကျန့် .. ဘာဖြစ်လို့လဲ " ( ကြမ်းပြင်ပေါ် မျက်နှာမကောင်းစွာနဲ့ ထိုင်နေတာမို့ ၀မ်ရိပေါ် မေးလိုက်ခြင်းဖြစ်သည်။ သူပဲ အိမ်သစ်ကိုပြောင်းရတော့မယ်ဆိုပြီး ပျော်နေပြီး ခုတော့ ဘာဖြစ်နေပြန်ပြီလဲ။)

"ရိပေါ်... မင်း ငါ့ထက်ငယ်တယ်မလား.. ဘာလို့ ငါ့ကို ရှောင်ကျန့် ရှောင်ကျန့် ခေါ်နေတာလဲ.." ( အမှန်တကယ်မေးချင်တဲ့ မေးခွန်းက ဒါမဟုတ်မှန်း ရှောင်ကျန့် သူ့ကိုယ်သူ ကောင်းကောင်းသိတယ်။)

String (Complete )Où les histoires vivent. Découvrez maintenant