အပိုင်း (၁ ) Zawgyi

3.5K 115 2
                                    

တဒိန်းဒိန်းနဲ့ထိုးကိုက်နေတဲ့ခေါင်းက နားထင်ကျောကသွေးကျောတွေပေါက်ထွက်မတက် "ရှောင်ကျန့် ရောက်ပြီလို့ ပြောလာတဲ့ မန်နေဂျာစကားကိုကြားတာနဲ့ အားယူထကာကားပေါ်ကနေဆင်းလိုက်တယ်။ လူက တစ်ချက်ယိုင်သွားတာမို့ မန်နေဂျာရဲ့ ရရဲ့လား ဆိုတဲ့မေးခွန်းကို လက်ထောင်ပြလိုက်ပြီး Condo ထဲကိုဝင်လာလိုက်တယ်။

လည်ချောင်းဝမှာ မီးခဲမြိုထားသလို ပူပြီးနာနေပြီမို့ ရှောင်ကျန့် သူဖျားတော့မယ်ဆိုတာ သိလိုက်သည်။ အခန်းထဲရောက်တော့ တခုခုစားပြီး ဆေးသောက်မှဖြစ်မယ်ဆိုတဲ့အသိနဲ့ ရေခဲသေတ္တာကိုဖွင့်လိုက်ပေမယ့် ရေပုလင်းတွေအပြင်ဘာမှမရှိ။ အေးလေ ဘယ်ရှိပါ့မလဲ ၀ယ်မှမထားတာကို ကိုယ့်အတွေးနဲ့ ကိုယ် ရှောင်ကျန့် ပြုံးလိုက်သည်။ Delivery service ကနေ စားစရာတခုခု မှာလိုက်ပြီး ရေချိုးခန်းထဲဝင်ခဲ့လိုက်သည်။

နေလို့ပိုကောင်းအောင် ရေချိုးပါတယ်ဆိုမှ ပိုပြီး ထိုးကိုက်လာတဲ့ခေါင်းကပေါက်ကွဲထွက်မတက်။ ဒါ့အပြင် ရုတ်တရက်ကြီး ရေခဲတောင်ကြာပွင့်စားထားသလို ရင်ထဲကနေ တုန်တုန်ပြီးချမ်းလာတာကြောင့် ကျောမှီဖက်လုံးလေးကိုယူကာ ဆိုဖာပေါ် ကွေးနေလိုက်သည်။ သူစားစရာမှာထားတယ် စားပြီးဆေးသောက်ရဦးမယ်လေ။

တစ်ချိန်က နာမည်ကျော်ရုပ်ရှင်မင်းသားအဆိုတော်တစ်ယောက်ဖြစ်တဲ့ ရှောင်ကျန့် နာမည်ကြီးသလို ခြွေရံသင်းပင်းတွေကလည်း ပေါမှပေါ။ ခုတော့ ခြွေမှရံတဲ့ ခြွေရံပေါင်းသင်းတွေက ပျောက်ဆုံးသွားတဲ့ အောင်မြင်မှုနောက်ကို ကောက်ကောက်ပါအောင်များ လိုက်သွားလေသလား။ အရင်က ရှောင်ကျန့် ပုရွတ်ဆိတ်ကိုက်ခံရရင်တောင် သဲသဲလှုပ်ဂရုစိုက်ခဲ့ကြတဲ့သူတွေ ခုတော့ နေမကောင်းဖြစ်တာတောင် ဂရုစိုက်မယ့်သူ မရှိတဲ့ဘ၀။

&&&&&&&

ဝမ်ရိပေါ် Condo နားက mini marketလေးမှာ လိုတာလေးထွက်ဝယ်ပြီးပြန်လာခြင်းဖြစ်သည်။ သူ ဒီ condo ကို ပြောင်းလာတာ မကြာသေးတာသလို ဒီပတ်ဝန်းကျင်အကြောင်းမသိသေးတာမို့ လမ်းလျှောက်ပြီး နဲနဲစနည်းနာချင်တာလည်း ပါတာပေါ့။ ၀မ်ရိပေါ် နေတာ ၁၁လွှာမှာမို့ ဓာတ်လှေကားခေါ်ကာ ရပ်စောင့်နေလိုက်သည်။

String (Complete )Donde viven las historias. Descúbrelo ahora