အပိုင်း ( ၃၄ ) Unicode

3K 231 11
                                    

" Peter ခင်ဗျားတစ်ကယ်ပဲ မိန်းမတစ်ယောက်နဲ့ အိပ်ကြည့်ဖို့ စိတ်ကူးနေတာလား "

"အမ်..ဟန်နီ.. ကိုယ်နဲ့ဘာမှမဆိုင်ဘူးလေ " ( ကုလားမနိုင် ရခိုင်မဲဆိုတာ ဒါမျိုးပဲနေမှာလို့ Peter တွေးလိုက်သည်။ )

"ဘာခုမှ မဆိုင်တာတုန်း ခုန Leo ပြောတုန်းက ခင်ဗျား ကျိတ်ပြီး၀မ်းသာနေတာမလား "

" မဟုတ်ပါဘူး ဟန်နီရယ်.. ဟန်နီတို့နှစ်ယောက်က အဲ့လိုပဲဖြစ်နေကျမို့ ကိုယ်က ၀င်မပါတာလေ.."

"ကျန်တာ ၀င်မပါလို့ရတယ်.. မိန်းမနဲ့အိပ်မယ့်ကိစ္စက ခင်ဗျားနဲ့ ဒဲ့ဆိုင်တဲ့ကိစ္စလေ .. ခင်ဗျားကမငြင်းဘူးဆိုတော့.. ကျိတ်ပြီး ၀မ်းသာနေတာမလား.. ဒီညကစပြီး ခင်ဗျား ကျုပ်အခန်းထဲ၀င်ဖို့ စိတ်မကူးနဲ့.."

"ဟာ ..ဟန်နီ.. အဲ့လိုမလုပ်နဲ့လေ.."

"လုပ်မှာပဲ.. ခင်ဗျား ကျွန်တော့်ကို အသက်ကြီးလို့ အချစ်လျော့နေပြီမလား..ခုတော့ မိန်းမ ငယ်ငယ်ချောချောကို လိုချင်နေပြီမလား.. သွားပါ.. ခင်ဗျား ကျွန်တော် လွှတ်ပေးတုန်း သွားတော့ "

Peter ငါ့တော့ မြွေချောက်ကိုက်ပြီဆိုတာသိလိုက်သည်။ Leo သောက်ကလေး ငါ့ဟာငါ အေးဆေးနေတာကို မီးလာရှို့သွားတယ်။ မချော့တတ်ပါဘူးဆိုမှကွာ...။

" ကိုယ် ဟန်နီ့တစ်ယောက်တည်းကိုပဲ ချစ်တာပါ.. ကိုယ့်အရဲ့ အချစ်ဦးကလဲဟန်နီပဲ အချစ်ဆုံးကလဲ ဟန်နီပဲ အသက်ဘယ်လောက် ကြီးကြီး ကိုယ်နှလုံးသားထဲက ဟန်နီက ပြောင်းလဲမသွားပါဘူး"

"တစ်ကယ်လား.. အဖိုးကြီး "

"ကိုယ်ဘယ်တုန်းက ညာဖူးလို့လဲ .. ဟန်နီကော ဒီအဖိုးကြီးကို အချစ်လျော့နေပြီလား"

"လျော့စရာလား .. ဟန်နီက ဒါလင်ကို အရမ်းချစ်တာ.."

"ချစ်တယ်.. ဟန်နီ "

Peter ပြောပြီး ဟန်နီ့ နှုတ်ခမ်းလေကို ဆုပ်နမ်းလိုက်သည်။ ကျေနပ်သွားတဲ့ ဟန်နီက မျက်လုံးစင်းကာ တုန့်ပြန်လာသည်။ ဟန်နီက ကျွန်တော့်အပေါ် ကြာကြာစိတ်မဆိုးတတ်တာ ဟန်နီရဲ့ အားသာချက်တစ်ခုဖြစ်သည်။ ဒါကြောင့်လည်း ကျွန်တော် ဟန်နီ့ကို အချစ်ပိုရသည်။

String (Complete )Wo Geschichten leben. Entdecke jetzt