" Merry Christmas ပါ CEO နဲ့ ဒါရိုက်တာ .. Stella X'mas cake လေးလက်ဆောင်လာပေးတာ ဒါရိုက်တာကိုလဲ သတင်းမေးရင်းနဲ့.."
မိသားစု Dinner လေးမို့ service ပေးတဲ့၀န်ထမ်းတွေကိုတောင် လိုအပ်မှခေါ်လိုက်မယ်ဆိုပြီး ဝေးဝေးသွားနေခိုင်းထားသည်။ ခရစ်စမတ်ကိတ်ကို ကိုင်ပြီး၀င်လာတဲ့ stella ကြောင့် ၀မ်ရိပေါ် အလိုမကျစွာ မျက်မှောင်ကျုံ့ပြီး ကြည့်လိုက်သည်။ သူ့နောက်က မျက်စိမျက်နှာပျက်ပြီးလိုက်လာတဲ့ သူတို့ dinner ပွဲအတွက် service ပေးတဲ့၀န်ထမ်းကိုတွေ့ရသည်။ ကြည့်ရတာ ဒီမိန်းမဇွတ် ၀င်လာပုံပင်။
"Merry X'mas stella " ( Peter က လူကြီးဆန်စွာပြန်နှုတ်ဆက်လိုက်သည်။)
"Stella ခုချိန်က မိသားစု၀င်တွေလုပ်တဲ့ Dinner မို့ ပြီးရင် ထွက်သွားပေးပါလား .. "
ကိတ်ဗူးကို စားပွဲပေါ်တင်ရင်း ထိုင်ဖို့ လုပ်နေတဲ့ သူမကို ၀မ်ရိပေါ် ခပ်တည်တည်ပဲပြောလိုက်သည်။ တစ်ချို့ မျက်နှာပြောင် တိုက်တဲ့သူတွေက အဲ့လို ဒဲ့ပြောနိုင်မှ တော်ကာကြမည်လေ။ သူ့ဘေးမှာ ထိုင်နေတဲ့ ရှောင်းက သူ့လက်ကိုဖျစ်ပြီး သတိပေးပေမယ့် ၀မ်ရိပေါ်က အဲ့လောက်အားနာတတ်တဲ့လူမျိုးမဟုတ်ဘူး။
"အော်..ဟုတ်.. ကဲ.. ခွင့်ပြုပါဦး " ( တဲ့တိုးကြီးနှင်ထုတ်ခံရတဲ့ပုံစံကြောင့် Stella မျက်နှာရှိန်းကနဲဖြစ်သွားသည်။ မနှစ်သက်တာ သိပေမယ့် အဲ့လောက်ကြီးပြောလိမ့်မယ်လို့ ထင်မထားတာကြောင့် မျက်နှာပြောင်တိုက်ကာ Dinner မှာ ၀င်ထိုင်ဖို့လုပ်လိုက်ခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူမလဲရှက်တတ်တာမို့ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ထွက်လာခဲ့လိုက်သည်။ )
"၀မ်.. အဲ့လောက်ကြီး မပြောရဘူးလေ အားနာစရာ " ( ရှောင်ကျန့်လည်း သူမလာတာကိုမနှစ်သက်ပေမယ့် ခုလိုထိပြောတာကျ အားနာမိသည်။ ၀မ်ဆိုသည်မှာ အဲ့လိုအဆိုးလေး။)
"ရှောင်း.. အဲ့ဒါတွေ ခေါင်းထဲထည့်မနေနဲ့.. လာ..ဒါလေး စားကြည့် " ( ၀မ်ရိပေါ် Stella ယူလာတဲ့ ကိတ်ကို ၀န်ထမ်းကို ယူသွားဖို့ မျက်ရိပ်ပြလိုက်ပြီး ရှောင်ကျန့် ကို ဟင်းခတ်ထည့်ပေးလိုက်သည်။)
Dee က ဂစ်တာတီးပြီး ရှောင်ကျန့် သီချင်းဆိုနေတာကို ၀မ်ရိပေါ် Balcony ရဲ့ဘောင်ကိုမှီရင်း ၀ိုင်သောက်ကာ ကြည့်နေမိသည်။ Peter တို့အတွဲက ရှောင်ကျန့်သီချင်းမှာစီးမျောရင်း ကနေကြသည်။
YOU ARE READING
String (Complete )
Fanfictionတစ်ချိန်က နာမည်ကျော်အဆိုတော် ရုပ်ရှင်မင်းသားစူပါစတားတစ်ယောက်ဖြစ်တဲ့ရှောင်ကျန့် လုပ်ကြံခံခဲ့ရလို့ အနုပညာလောကမှာ နာမည်ပျက်ပြီး ထောင်ကျခဲ့ရသလို........... ငယ်စဥ်ကတည်းက နိုင်ငံခြားသားကြေးစားအလွတ်အေးဂျင့်တစ်ဦးရဲ့ မွေးစားခြင်းခံခဲ့ရပြီး အီတလီကိုပါသွားခဲ့...