အပိုင်း ( ၂၂ ) Unicode

2.8K 257 13
                                    

"ကျန့်.. နားနားနေနေ လုပ်စမ်းပါ.. မဟုတ်ရင် ကျန်းမာရေးထိခိုက်မယ် " ( ခုတစ်လော ရှောင်ကျန့်တစ်ယောက် shooting နားလို့ ပြန်ရောက်တယ်ဆိုတာနဲ့ သူတို့သင်ပေးထားတဲ့ ကိုယ်ခံပညာတွေကို လေ့ကျင့်နေခြင်းဖြစ်သည်။ ခုတလော နားရက်မရှိသလောက် ကို ရိုက်ကွင်းတွေဆက်နေတာမို့ Bee ပြောရခြင်းဖြစ်သည်။)

"Dee ငါနဲ့ တစ်ပွဲဆော့စမ်းပါ လက်ရည်တက်မတက် သိရအောင် " (ရှောင်ကျန့် Bee ပြောတာကို ပြန်မဖြေပဲ Dee ကိုလှမ်းပြောလိုက်သည်။)

"ကျန့် ဘာဖြစ်နေတာလဲ စိတ်ညစ်စရာရှိနေတာလား " ( ကျန့်ပုံစံက သူ့ကိုယ်သူ မနားတမ်းအလုပ်ပေးနေသလိုဖြစ်နေတာမို့ Dee မေးလိုက်ခြင်းဖြစ်သည်။ Bee ကလည်း ဘာပဲဖြစ်ဖြစ်ပြောချလိုက်ဆိုတဲ့ ပုံစံနဲ့ကြည့်နေသည်။)

"ဟူးးး ငါ သူ့ကို လွမ်းလွန်းလို့ ဘယ်လိုလုပ်ရမလဲ...."

ရှောင်ကျန့် ကြမ်းပြင်ပေါ် ပက်လက်လှဲချလိုက်ပြီး ပြောလိုက်သည်။ သွားပြီးကတည်းက စာမလာ သတင်းမကြားရတာကြောင့် ရှောင်ကျန့် ၀မ့်ကို အရမ်းကိုစိတ်ပူနေပြီ။ တစ်ချိန်တည်းမှာပဲ သူသာ Bee တို့လို ကိုယ့်ကိုကိုယ်ကာကွယ်နိုင်တဲ့သူဆိုရင် ၀မ့်နဲ့အတူ လိုက်သွားလို့ရမှာဆိုတဲ့ အတွေး၀င်မိပြန်တယ်။

အတူနေတဲ့အချိန် သိပ်မသိသာပေမယ့် ခွဲခွာရတဲ့အချိန်က သိပ်သိသာတယ်။ သူ့ကိုအမြဲစိတ်ပူတတ်တဲ့ကောင်လေး သိအောင်တစ်မျိုး မသိအောင်တစ်မျိုး အမြဲကာကွယ်စောင့်ရှောက်ပေးတတ်တဲ့ သူ့ကလေးလေးကို ရှောင်ကျန့်အရမ်းသတိရသည်။ ခုတော့ ဟိန်းဟောက်သံလေးတွေမကြားရတာ ဘယ်လောက်တောင်ကြာပြီလဲ။

အဆင်ကောပြေရဲ့လား ဒဏ်ရာတွေများရနေမလားဆိုတဲ့အတွေး၀င်လာမိရင် ရှောင်ကျန့် ရူးချင်သလိုလိုဖြစ်လာမိသည်။ ဒါကြောင့် သူ့ကိုယ်သူ အနားမရအောင် လုပ်နေခြင်းဖြစ်သည်။

Beeတို့ညီအစ်ကို ရှောင်ကျန့် ကိုဘယ်လိုနှစ်သိမ့်ပေးရမှန်းမသိဖြစ်မိသည်။ သူတို့နှစ်ယောက်စိတ်တွေ မပွင့်လင်းခင်ကတောင် တစ်ယောက်နဲ့ တစ်ယောက် အရမ်းကိုဂရုစိုက်ကြတာ ချစ်သူတွေဖြစ်ပြီဆိုတော့ ပိုဆိုးပြီပေါ့။

String (Complete )Where stories live. Discover now