အပိုင်း ( ၁၃ ) Zawgyi

1.5K 71 4
                                    

"ဒုန်း... ...‌ တောက်..တောက်..တောက်.."

Bee တွေးနေတုန်းရှိသေး တံခါးဖွင့်သံနဲ့အတူ ပြုံးရွှင်ပြီးခြေလှမ်းကျဲ နဲ့ ၀င်လာတဲ့ Boss မျက်နှာက ချက်ချင်းထိတ်လန့် ဟန်ဖြစ်သွားပြီး လက်ထဲမှာ ကိုင်လာတဲ့အထုပ်လွှတ်ချပြီး Leo ဆီကို တန်းသွားတော့တာပဲ။ Bee လဲ လွှတ်ချလိုက်လို့ အိတ်ထဲက ထွက်ကျကုန်တဲ့ အသီးတွေကိုလိုက်ကောက်ရင်း နောက်ကနေ ဒွန့်ပြီး အထုပ်တွေနဲ့ ၀င်လာတဲ့ Dee ကို မျက်နှာပိုးသပ်ဖို့ မျက်နှာရိပ်ပြလိုက်တယ်။

"မလာနဲ့.. ခိုက်မိမယ်.." ( ရှောင်ကျန့် ၀င်လာတော့မှ ၀မ်ရိပေါ် သတိလက်လွတ်ထိုင်နေမိတာကို သတိရသွားပြီး မှန်ကွဲစူးမှာ စိုးတာကြောင့် ရှောင်ကျန့်ကို လှမ်းအော်လိုက်သည်။)

"ရိပေါ်... ဘာ..ဖြစ်တာလဲ.. လက်မှာသွေးတွေ.. Bee ပြောလေ..ဘာဖြစ်ကြတာလဲဆိုတာ " ( ရိပေါ် ကိုမေးရင်း ရှောင်ကျန့် Bee ကိုလှည့်မေးလိုက်သည်။ မေးရင်းနဲ့ ရိပေါ် နားကိုသွားလိုက်သည်။ )

"ရှောင်ကျန့် ပြောနေတာ မကြားဘူးလား .. " ( သူ့တားနေတာကို ဂရုမစိုက်ပဲ ဆက်လျောက်လာတာမို့ ၀မ်ရိပေါ် အော်ပစ်လိုက်သည်။)

"အေး ..နားကန်းနေတယ်.. လာစမ်း... အာ့.." ( ၀မ်ရိပေါ်ကိုပြန်အော်ပြီး လက်ဆွဲအခေါ်မှာ ခြေထောက်က စူးကနဲဖြစ်သွားသည်။ ခုနက သူအိမ်ထဲစီးဖိနပ်မစီးထားမိဘူးပဲ ။)

"ဟော့ ခြေထောက်စူးသွားပြီမလား.. ခင်ဗျားကလေ ပြောစကားကို နားမထောင်ဘူး " ( ရှောင်ကျန့်ရဲ့ ခြေအိတ်ပေါ်ကနေ စိမ့်ထွက်လာတဲ့ သွေးစကြောင့် ၀မ်ရိပေါ် ကောက်ပွေ့လိုက်သည်။)

"ရိပေါ်.. ငါ ဘာမှဖြစ်ဘူး မင်း..လက်.."

"ငြိမ်ငြိမ်နေ.. ပြုတ်ကျသွားမယ် "

အခန်းထဲဝင်သွားတဲ့ Boss နှစ်ယောက်ကိုကြည့်ပြီး Bee တစ်ယောက်သက်ပြင်းချကာ ခေါင်းရမ်းလိုက်မိသည်။ ဘေးမှာ နားမလည်စွာနဲ့ ကြည့်နေတဲ့ ညီဖြစ်သူ Dee ကို စားပွဲတစ်လုံး အမြန်ဆုံးသွားဝယ်ဖို့ခိုင်းလိုက်ပြီး သူကတော့ မှန်ကွဲတွေကို ရှင်းလင်းလိုက်သည်။

&&&&&&&

"မင်းလက်ကို အရင်ဆေးမထည့်ရင် ငါလဲ ဒီမှန်စကိုမထုတ်ဘူး " ( သူ့လက်ဒီလောက်ရှထားတာကို မလုပ်ပဲ ရှောင်ကျန့်ခြေထောက်က မှန်စလေးကို ထုတ်ပေးဖို့ပြင်နေတာမို့ ရုန်းကာ ပြောလိုက်ခြင်းဖြစ်သည်။)

String (Complete )Where stories live. Discover now