အပိုင်း ( ၁၂ ) Unicode

3.4K 310 8
                                    

" ဖျားနေပြီပဲ.."

နဖူးထက်ကိုစမ်းလာတဲ့ လက်ဖ၀ါးနွေးနွေးလေးကြောင့် ၀မ်ရိပေါ် လေးလံတဲ့ မျက်လုံးကိုဖွင့်ကြည့်ဖို့ကြိုးစားနေစဥ်မှာပဲ ရှောင်ကျန့်က အခန်းပြင်ကိုထွက်သွားပြန်တယ်။ ခနအကြာမှာ ရေဇလုံတခုနဲ့အနားကိုရောက်လာတယ်။ နဖူးပေါ် ရေပတ်၀တ် တင်ပေးပြီး ခနအကြာ တင်းကြပ်ပြီးကိုက်ခဲနေတဲ့ နားထင်ကျောတွေလျော့ပါးသွားတယ်။

"ရှောင်ကျန့် .. ကျနော် ထနိုင်ပါတယ်.. ကိုယ့်ဖာသာလုပ်လိုက်မယ် " ( သူ့လည်ပင်းတွေလက်တွေကိုပါ ရေပတ်တိုက်ပေးနေတာမို့ ၀မ်ရိပေါ် ပြောလိုက်သည်။)

"အင်း ..မင်းလုပ်နိုင်တာသိတယ်.. ကိုယ်လုပ်ပေးချင်လို့ ဟုတ်ပြီလား.." ( စကားအငြင်းအခုန် မလုပ်ချင်တာမို့ ရှောင်ကျန့် တစ်ခါတည်းပြောလိုက်တယ်။ )

"ရှောင်ကျန့် အလုပ်မသွားရဘူးလား "

"သွားမယ်.. ခနနေရင် .. Bee ကိုထားခဲ့မယ်.. " ( Bee ကို ရိပေါ်ကို ကြည့်ပေးဖို့ရှောင်ကျန့်အကူညီတောင်းထားပြီးဖြစ်သည်။ Bee တို့ ညီအစ်ကိုက ကုမ္ပဏီကထားပေးတဲ့ ကိုယ်ရံတော်တွေမို့ မျက်နှာပူပေမယ့် ဒီကောင်လေး နေမကောင်းတာကို တစ်ယောက်တည်း မထားခဲ့ချင်တာကြောင့်ဖြစ်သည်။)

"အာ..မလိုပါဘူး ..ရတယ်.. ကျနော် အဆင်ပြေတယ် " ( ရှောင်ကျန့် လုံခြုံရေး လျော့သွားမှာစိုးတာကြောင့် ၀မ်ရိပေါ် တားလိုက်ခြင်းဖြစ်သည်။)

"၀မ်ရိပေါ် .. မင်း ငါ့စကားတစ်ခါလောက်နားထောင်ရမှာ အဲ့လောက်တောင်ခက်နေလား" ( ရှောင်ကျန့် စိတ်တိုစွာ အော်ပစ်လိုက် သည်။ ဒီကောင်လေး ဘာလို့အဲ့လောက်အကျောတင်းမှန်းမသိ။ တစ်ယောက်ယောက်ရဲ့ အကူညီယူဖို့ကို ဘာလို့အဲ့လောက်ခက်ခဲ နေတာလဲ လူလေ သံမဏိလူသားမှမဟုတ်တာ။)

"ဒါဆို.. မြန်မြန်ပြန်လာခဲ့နော်.." ( ရှောင်ကျန့်စိတ်ဆိုးသွားတာမို့ ၀မ်ရိပေါ် မျက်နှာလေး အောက်ချကာ ပြောလိုက်သည်။ ပြီးတော့ Dee ကို ပိုဂရုစိုက်ဖို့ မျက်နှာရိပ်ပြကာ သတိပေးလိုက်သည်။)

Dee ကတော့ သူ့တို့ Boss Leo မှာ မျက်နှာနှစ်ခုရှိသလားတောင်ထင်နေမိသည်။ ရှောင်ကျန့်ကိုကျ သိုးငယ်လေးလို မျက်နှာလေးအောက်ချကာပြောနေပြီး Dee ကိုကျ အကြည့်နဲ့တင် လူသတ်ရတဲ့ပုံစံမျိုး။

String (Complete )Where stories live. Discover now