အပိုင်း ( ၁ရ ) Unicode

3.2K 283 7
                                    

Stage ပေါ် မှာ သီချင်းဆိုနေတဲ့ ရှောင်းကျန့်အသံလေးကြောင့် Club တစ်ခုလုံး ငြိမ်ပြီး စီးမျောနေကြသည်။ "Your Are The Most Beautiful Scenery " ဆိုတဲ့ သီချင်းလေးက ရှောင်ကျန့်အသံချိုချိုလေးနဲ့လိုက်ဖက်လွန်းလှသည်။ ရှောင်းရဲ့ သီချင်းတိုင်းလိုလိုက ၀မ်ရိပေါ်အတွက် ညအိပ်ရာ၀င်တေး လို့ပြောရင်လည်း မမှားပေ။

Peter တို့ ချိန်းတဲ့ Relax Bar & Club ဆိုတဲ့ ဆိုင်လေးကို ၀မ်ရိပေါ်တို့ရောက်တော့ ရှောင်းက သူ့ကို အတူနေတဲ့ညီလေးဆိုပြီး မိတ်ဆက်ပေးသည်။ ဒီ Bar က တခြားနေရာတွေနဲ့မတူပဲ အေးဆေးကာ အငြိမ်သမားတွေများသည်။ Vister က ရှောင်းကို သီချင်းလေး တစ်ပုဒ်လောက်ဖျော်ဖြေပေးဖို့ တောင်းဆိုတာမို့ ဆိုင်တာ၀န်ခံကို ခွင့်တောင်းပြီး ဆိုနေခြင်းဖြစ်သည်။

"အဲ့လောက်တောင် ကြိုက်နေရင်လဲ ဖွင့်ပြောလိုက်တော့လေ Leoလေး " ( စင်ပေါ်ကနေ မျက်လုံးမခွာနိုင်ဖြစ်နေတဲ့ Leo ကို peter ပြောလိုက်သည်။ ဒီကောင်လေး သွက်မယ်ထင်ထားတာ ဘာလို့နှောင့်နှေးနေမှန်းမသိ။)

" ကျွန်တော် ကြောက်တယ် Peter " ( အကြောက်တရားဆိုတာ ၀မ်ရိပေါ်ဘ၀မှာ ရှောင်ကျန့်နဲ့တွေ့မှ ဖြစ်ပေါ်လာတဲ့ ခံစားမှုလေးဖြစ်သည်။ ရှောင်ကျန့် သူ့ကို ရွံ့မုန်းသွားမှာ ဆုံးရှုံးလိုက်ရမှာတွေကို သေရမှာထက်ကို ကြောက်ရွံ့နေမိသည်။)

" Oh My God ! " ( Peter တခါမှမတဖူးတဲ့ ဘုရားကို တလိုက်မိသည်။ အကြောက်အလန့်ကင်းတဲ့ တမိုးအောက်က Leo ဆိုတဲ့ ကောင်လေးပါးစပ်က ကြောက်တယ်ဆိုတာ ပြောလိုက်တာလား။)

"ခုလိုငေးကြည့်ခွင့်တောင်မရှိတော့မယ့်အနေအထားလေး ဆုံးရှုံးသွားမှာ စိုးတယ်.. ပြီးတော့ ကျွန်တော်တို့မှာ မပြီးသတ်သေးတဲ့ ကိစ္စလေး ရှိသေးတယ်လေ Peter " ( ၀မ်ရိပေါ် စကားသာ ပြောနေပေမယ့် ရှောင်းကို ကြည့်နေတဲ့ အကြည့်ကိုတော့ မလွှဲမိ။ ငေးကြည့်ခွင့်ရတုန်းလေး အပြည့်အ၀ခံစားနေခြင်းဖြစ်သည်။ )

"မလောပါနဲ့ ဒါလင်ရယ်..အချိန်တန်ရင် သူ့အလိုလို ပွင့်ထွက်လာလိမ့်မယ်.. ရှောင်ကျန့်ကိုကြည့်ရတာလဲ မင်းအပေါ် သံယောဇဥ်ရှိပုံ ပါပဲ..Leo အရမ်းလဲ မစိုးရိမ်ပါနဲ့." ( Vister ကြားထဲကနေ ၀င်ပြောလိုက်သည်။ ခုလိုအခြေအနေမျိုးက လောလို့မဖြစ်ဘူးလေ တချို့က ကိုယ့်ရဲ့ လိင်တိမ်းညွှတ်စိတ်ကို ချက်ချင်းလက်မခံနိုင်တက်ကြဘူးလေ။)

String (Complete )Wo Geschichten leben. Entdecke jetzt