အပိုင်း ( ၂၆ ) Unicode

2.9K 261 5
                                    

ရှောင်ကျန့် အိပ်ယာကနိုးတာနဲ့မျက်နှာသစ်ပြီး ရိပေါ်အခန်းဆီကိုလာခဲ့လိုက်သည်။ ရှောင်ကျန့်က ရိပေါ်ရဲ့ ဘေးချင်းကပ်အခန်း မှာနေသည်။ တခုခုဆို ချက်ချင်းထသွားနိုင်အောင်ဖြစ်သည်။ Bee တို့ညီအစ်ကိုကတော့ သူတို့နဲ့ မျက်နှာချင်းဆိုင်ဖက် အခန်းမှာနေသည်။ အခန်းတိုင်းမှာ အင်တာကွန်းတပ်ပေးထားတာမို့ ရိပေါ် လိုအပ်တာရှိရင် လှမ်းခေါ်နိုင်အောင် စီစဥ်ပေးထား ခြင်းဖြစ်သည်။

"အော.. ၀မ်.. မျက်နှာတောင်သစ်ပြီးပြီလား.. ကိုယ်လုပ်ပေးမှာပေါ့.." ( ရေချိုးခန်းထဲက တုတ်ကောက်နဲ့ထွက်လာပြီး ရေချိုးခန်း၀မှာ ရပ်ထားတဲ့ wheel chair ပေါ်ထိုင်ဖို့လုပ်နေတာမို့ ရှောင်ကျန့် ကူပေးရင်း ပြောလိုက်သည်။)

"ရပါတယ်.. ကျွန်တော်လုပ်နိုင်ပါတယ် "

"ကိုယ်လုပ်ပေးချင်လို့ပါ..၀မ် ရယ်.." ( ရှောင်ကျန့် မျက်နှာသုတ်ပေးရင်းပြောလိုက်သည်။ ကောင်လေးက သူ့ကို မလုပ်နိုင်မကိုင်နိုင်လို့ ထင်မှာစိုးတာဖြစ်မည်။ အတိတ်မေ့နေပေမယ့် အချေဇာတိကတော့ ပြတာပဲလို့ တွေးရင်းပြုံးမိသည်။)

"ကျွန်တော် ကိုယ့်ဖာသာလုပ်နိုင်တာလေးတော့ လုပ်ပါရစေ.." ( ဆေးရုံမှာကော အိမ်မှာပါ သူ့ကိုအောက်ခြေသိမ်း အကုန်လုပ်ပေး နေတာမို့ ၀မ်ရိပေါ် အားနာမိသည်။ ဘယ်လိုပဲ ချစ်သူလို့ပြောပြော ခုချိန်မှာ သူကဘာမှမမှတ်မိတာမို့ ရှောင်ကျန့်ကို အဲ့လောက် လုပ်ပေးစရာမလိုဘူးလို့ထင်မိသည်။)

"ကိုယ်က မင်း ချော်ချက်လဲပြီး ဒဏ်ရာထပ်ရမှာ စိတ်ပူလို့ပါ "

"သတိထားပါ့မယ်.. ရှောင်ကျန့် ကျွန်တော်ရေချိုးချင်တယ်... " ( ရေပတ်ပဲတိုက်နေရတာ ဘယ်နှစ်ရက်မှန်းတောင် မသိတော့တာမို့ ၀မ်ရိပေါ် ရေကိုအားရပါးရ ချိုးချင်စိတ်ပေါက်မိသည်။)

"ရေချိုးချင်ရင် ခုတော့ ခနသီးခံလိုက်..ကိုယ်အလုပ်ကပြန်လာရင် လိုအပ်တာလေးတွေ၀ယ်ခဲ့မယ်.. တစ်ယောက်တည်းတော့ မလုပ်ရဘူးနော် ၀မ်.. ကိုယ်စိတ်ပူလို့ပါ " ( သူများအားမကိုးချင်တဲ့ မာနခဲလေးက တော်ကြာ ရေချိုးခန်းထဲ ချော်လဲနေမှာကို ရှောင်ကျန့်စိတ်ပူမိသည်။)

String (Complete )Where stories live. Discover now