အပိုင်း ( ၁၆ ) Zawgyi

1.4K 68 4
                                    

ဝမ်ရိပေါ် ထိုင်ရပ်ကြီး ခေါင်းစိုက်ပြီးအိပ်ပျော်နေတဲ့ ရှောင်ကျန့်ကိုကြည့်ပြီး သဘောကျနေမိသည်။ ဒီရှောင်းလူကြီးလေးကတော့ သောက်လည်းမသောက်နိုင်ဘူး နောက်ဆို ကျွန်တော်မပါပဲ ခင်ဗျားသောက်ဖို့ ခွင့်မပြုဘူးလို့ ၀မ်ရိပေါ် တစ်ယောက်တည်း ရေရွတ်လိုက်တယ်။

စားပွဲပေါ်တင်ထားတဲ့ ဖုန်းရဲ့ တုန်ခါလာမှုကြောင့် ကောက်ယူပြီး ၀င်နေတဲ့စာကိုဖွင့်ဖတ်လိုက်ပြီး ကျေနပ်စွာပြုံးလိုက်တယ်။ သူတို့ဒီည ၀မ်ရိပေါ်ရဲ့ condoမှာပဲ အိပ်လိုက်တော့မယ်ဆိုတဲ့စာနဲ့ ပို့လာတဲ့ ဓာတ်ပုံတွေက သူဖြစ်ချင်တာနဲ့ တစ်ထပ်တည်းကျတဲ့ အတွက် Bee တို့ညီအစ်ကိုကို စိတ်တိုင်းကျမိတယ်။ ရှေ့ဆက်တိုးရင်တော့ ခင်ဗျားအသက်ကို အာမခံမပေးနိုင်တော့ဘူး လျှိုရှီးလိန်လို့ ကျိမ်းဝါးလိုက်တယ်။

လောလောဆယ်တော့ ၀မ်ရိပေါ် သူ့ရှေ့က လူကြီးလေးကို ပွေ့ချီလာလိုက်ပြီး အိပ်ယာထက်အသာချပေးလိုက်တယ်။ သူ့လည်ပင်းကို တွယ်ချိတ်ထားတဲ့လက်တွေက ရုတ်တရက်ကြီးဆွဲချခံလိုက်ရတာကြောင့် ၀မ်ရိပေါ် အိပ်ယာပေါ်လဲကျသွားတယ်။ သူ့ရင်ခုန်သံတွေ ၀ုန်းဒိုင်းကျဲသွားပေမယ့် အိပ်ပျော်နေတဲ့ ငမူးလေးကတော့ တုတ်တုတ်တောင်မလှုပ်ဘူး။

ဒီလိုဆိုတော့လည်း တစ်မျိုးတော့ကောင်းတာပဲ။ နီးကပ်လွန်းနေတဲ့ ရှောင်းလူကြီးလေးရဲ့ မျက်နှာကို အသေးစိတ်ခံစားနေ လိုက်တယ်။ ဆံဖျား နဖူးလေးကစလို့ နှုတ်ခမ်းအောက်က မှဲ့နက်လေးအထိ အစိတ်အပိုင်းတစ်ခုစီတိုင်းက ၀မ်ရိပေါ်အတွက် နှစ်သက် မြတ်နိုးစရာတွေချည်းပဲ။

ဝမ်ရိပေါ် သူကပဲ ရှောင်ကျန့်ဘ၀ထဲ တိုးဝင်ဖို့ကြိုးစားမိတာလား ရှောင်ကျန့်ဝင်လာတာကိုပဲ လမ်းဖွင့်ပေးမိတာလား မပြောတတ် ပေမယ့် သူတစ်ကယ်ပဲ ရှောင်ကျန့်ကို ငြိတွယ်မိနေပြီ။ ရှောင်ကျန့်က ကြိုးေ

လးတစ်မျှင်လို တဖြည်းဖြည်းနဲ့သူ့ကို ရစ်တွယ်လာ လိုက်တာ စုန်းစုန်းမြုပ်တဲ့အထိပဲ။

ရှောင်ကျန့်က ၀မ်ရိပေါ်ရဲ့ ပထမဆုံးဆိုတဲ့ အရာအားလုံးကိုသိမ်းပိုက်သွားတဲ့ တစ်ဦးသောသူဖြစ်တယ်။ ရှောင်ကျန့်နဲ့ စပြီး တွေ့ဆုံမှုကတည်းက ရှောင်ကျန့်ကို ရှောင်ကျန့်မှန်းမသိခင်ကတည်းက ၀မ်ရိပေါ်ရဲ့ ပထမဆုံး ဂရုစိုက်ခြင်းကို ရယူနိုင်ခဲ့တယ်။ ရှောင်ကျန့်နဲ့တွေ့မှ ပထမဆုံးဆိုတာတွေ ကို ၀မ်ရိပေါ် မပီသစွာနဲ့ တစ်ခုပြီးတစ်ခု ဆက်တိုက်ကျူးလွန်မိတော့တာပါပဲ။

String (Complete )Where stories live. Discover now