6

3.1K 331 30
                                    

[Unicode]

YL Entရဲ့ CEO ရုံးခန်းထဲတွင်

" လီယာနဲ့မနက်စာအတူ သွားစားရအောင်လား ကို"

" ကိုယ်မအားသေးဘူး လီယာ၊ နောက်နေ့မှသွားရအောင် "

ဒေါသထွက်နေသည့်အရိပ်အယောင် တစ်စိုးတစ်စိမှမပေါ်သည့် ဝမ်ရိပေါ်က၊ တွေသမျှကိုအကုန်ရိုက်ခွဲဖျက်စီးချင်နေတာကို လီယာကတော့သိမယ်မထင်။ ထို့ကြောင့်လဲ သူမကဂျီတိုက်နေတာဖြစ်သည်။

" မကြာခင်မှာပဲ ကိုနဲ့လီယာက လက်ထပ်ကြတော့မှာလေ၊ အဲ့ဒါကြောင့်အခုကတည်းက လီယာ့အတွက်အချိန်ပေးနိုင်အောင် ကိုကကြိုးစားပေးရမှာလေ "

" ကိုယ်မအားသေးဘူးလို့ပြောနေတယ်လေ လီယာ "

ရိပေါ်အသံကတဖြည်းဖြည်း အေးစက်လာသည်ကို လီယာကသတိထားမိဟန်မတူ၊ သူမဖြစ်ချင်တာကိုသာ ဖြည့်ဆည်းပေးရန် ဂျစ်တိုက်နေသည်။ ထိုအချိန် intercomကနေ အတွင်းရေးမှူးလေူရဲ့အသံက ထွက်ပေါ်လာသည်။

" CEO မန်နေဂျာ Sam ကတွေ့ခွင့်တောင်းနေပါတယ် "

" လွှတ်လိုက်! "

အတွင်းရေးမှူးလေးကိုဖြေပြီးသည်နှင့် သူ့အရှေ့ကမိန်းကလေးကို မော့ကြည့်လို့

" ကိုယ်မအားသေးဘူးဆိုတာ မင်းမြင်တယ်မလား လီယာ၊ ဒါကြောင့် ပြန်တော့ "

လီယာဘာမှမပြောနိုင်ခင် Samကဝင်လာသည်မို့ ဒေါသတို့ကိုချုပ်တည်းကာ ရုံးခန်းထဲကထွက်လာလိုက်သည်။ နှုတ်ခမ်းကိုပြတ်ထွက်လုမတတ်ကိုက်လို့ လက်သီးတင်းတင်းဆုပ်ကာ ဒေါက်ဖိနပ်သံ တစ်ဂွက်ဂွက်မြည်အောင် လမ်းလျှောက်ဖို့လဲမမေ့။

ရိပေါ်ပတော့ သူ့အရှေ့ကမိန်းမပျိုကို ခံစားမှုမရှိတဲ့ မူပိုင်မျက်နှာသေနဲ့သာ သူမရဲ့အပြုအမူတွေကို အကဲခတ်လို့နေသည်။ ထိုအမျိုးသမီးထွက်သွားသည်နှင့် Samကဝင်လာသည်။

" ကျွန်တော် ကျန့်ကျန့်ကို ဘယ်လိုမှဆက်သွယ်လို့မဘူး  CEO "

" ဆင်ခြင် ပေးတာလား "

Samတစ်ကိုယ်လုံးတောင့်တင်းသွားသည်။ CEOရဲ့အသံက အရှိန်အဝါအပြည့်နဲ့ အေးစက်တောင့်တင်းနေသည်။

Hidden love Où les histoires vivent. Découvrez maintenant