4

2.9K 317 20
                                    

[Unicode]

" Sam ဒီနေ့ကျွန်တော်ခွင့်ပေးတာမို့ နားလိုက် "

" ဘယ်လို ကျန့်ကျန့် မင်းဒီနေ့ scheduleနှစ်ခုရှိတယ်လေ "

" ဟုတ်တယ် နှစ်ခုတည်းမို့ ကျွန်တော်နားခိုင်းတာပေါ့။ ဒီနေ့အတွက်အချိန်ပိုင်းအလုပ်သမား ခေါ်ထားပြီးပြီ "

" ပိုက်ဆံပေးပြီးပြန်လွှတ်လိုက်လို့မရဘူးလား
ကျန့်ကျန့် "

" စကားကိုဘယ်လိုပြောလိုက်တာလဲ Sam ကျွန်တော်တန်ရာတန်ကြေးပေးပြီး ခေါ်ထားတာကို ဒီအတိုင်းပြန်လွှတ်ရမှာလား !! "

" Sorry ကျန့်ကျန့် အကိုပြောတာကအဲ့လိုသဘောမဟုတ်ဘူး၊ ဒီနေ့နားလိုက်ရင် CEO က... "

" Sam ကျွန်တော်မသိလို့မေးပါဦးမယ် အခုလက်ရှိမှာ ခင်များရဲ့အလုပ်ရှင်က ကျွန်တော်လား CEO လား "

" ....... "

" ခင်များမှာအဖြေမရှိတော့ဘူးမလား၊ အဟက်... စိတ်မပူပါနဲ့ ကျွန်တော် CEO ကိုပြောလိုက်မှာမို့ စိတ်ချလက်ချနားရက်ယူလိုက်ပါ "

ထိုအချိန်မှာပဲ တံခါးဘဲလ်သံက မြည်လာတာမို့

" အချိန်ပိုင်းသမားလေးလာပြီမို့ ကျွန်တော်သွားပြီ Sam ပြန်ရင် တံခါးပိတ်သွားပေး "

သူ့ကိုမှာတမ်းခြွေပြီးတေည့ ကျန့်ကျန့်ကထွက်သွားပြီဖြစ်တယ်။ Samက သက်ပြင်းသာချဖို့တက်နိုင်သည်။ ဒီကိစ္စကပေါ့သေးသေးမဟုတ်ဘူး CEOက ဘယ်လိုအကြောင်းကိစ္စပဲရှိရှိ ကျန့်ကျန့်ဘေးနားအချိန်ပြည့်ရှိနေဖို့ အမိန့်ပေးထားသည်။ အခုသူဘာတက်နိုင်တော့မှာလဲ သူတောင်မသိလိုက်ပဲ နားရက်ဆိုပြီးအတင်းပေးသွားပြီလေ။ အဲ့အတွက်သူက CEOရဲ့ ဒေါသကိုခံယူဖို့ ပြင်ဆင်ထားရတော့မယ်။

_______________________________________

ရှောင်းကျန့်က အချိန်ဇယားနှစ်ခုပြီးရင် ဒီနေ့အတွက်သူ့အလုပ်ချိန်ပြီးပြီဖြစ်တယ်။ မနက်ဖြန်ကစလို့ နားရက်ဆယ်ရက်ရမှာဖြစ်တယ်။ ပါရီကဖက်ရှင်ရှိုးအတွက် ဒီညflightနဲ့အရောက်သွားရမည် ပွဲပြီးရင်တော့ သူအချိန်ပေးပြီး အနားယူမည်လို့တွေးထားပြီးသားဖြစ်တယ်။ သူပါရီကိုသွားတာ အဲ့လူကိုအသိမပေးရန်ဆုံးဖြတ်ထားသည် Samအတွက်ပြောပေးမယ်ဆိုတာ အလကား။ သူမပြောလဲ Samက သေချာပေါက်ပြောလိမ့်မည်။

Hidden love Wo Geschichten leben. Entdecke jetzt