10

2.8K 302 23
                                    

[Unicode]

Hope Orphanage

ရှောင်းကျန့်အခု ချုံချင်းက Hope ဆိုတဲ့မိဘမဲ့ဂေဟာကိုရောက်နေတာဖြစ်တယ်။ တောင်တန်းတွေပေါများတဲ့ ဒီမြို့လေးရဲ့ မိဘမဲ့ဂေဟာလေးကလဲ တောင်ကုန်းထိပ်လေးမှာပဲဖြစ်တယ်။

Charity teamနဲ့အတူ ဒီကိုလာဖို့ရွေးချယ်ခဲ့တာဟာ သူ့ရဲ့အမှန်ကန်ဆုံး ရွေးချယ်မှုဖြစ်ခဲ့တယ်။ ဂေဟာလေးထဲကိုခြေချလိုက်တာနဲ့ အော်ဟစ်ကစားနေကြတဲ့ ခလေးလေးတွေက သူ့မြင်ကွင်းထဲအလုအယက်။ သူတို့လာတာ‌ကိုတွေ့တော့ ပျော်ရွှင်မှုတွေအပြည့်ဖုံးလွှမ်းသွားတဲ့ မျက်နှာလေးတွေက နှိုင်းပြဖွယ်ရာမရှိ ပကတိဖြူစင်မှုအတိ။

" Dean မနေ့ကဝယ်လာတဲ့အရုပ်တွေကို သူတို့လေးတွေကိုဝေပေးလိုက်ပါဦး "

" ကျွန်တော်တစ်ယောက်တည်းလား၊ အတူလိုက်မဝေပေးဘူးလား "

" ဂေဟာမှူးနဲ့စကားပြောချင်သေးလို့ "

" အင်း၊ ဒါဆိုကျွန်တော်ပြန်လာခဲ့မယ် "

" ..?.. "

အရုပ်တွေဝေပေးနေတဲ့ Deanရဲ့အရှေ့မှာ သူတို့အလှည့်ရောက်ဖို့ ငြိမ်ငြိမ်လေးစောင့်နေကြတဲ့ ကလေးတွေနဲ့ အရုပ်ရလို့ပျော်ပြီးခုန်ပေါက်ဆော့ကစားနေတဲ့ကလေးတွေကြောင့် ရှောင့်ကျန့်ကလဲသူတို့လေးတွေနဲ့ထပ်တူပျော်မိပါတယ်။ ပျော်ရွှင်ခြင်းတွေကကူးစပ်တတ်ပါတယ်။

အလှူရှင်အရောက်အပေါက်နည်းတဲ့ဒေသလေးဖြစ်တာမို့ ဒီလိုနေ့မျိုးတွေဆို ကလေး‌တွေကပိုပြီးပျော်နေတတ်ကြောင်းကို ဂေဟာမှုးထံကနေသိခွင့်ရခဲ့ပြန်တယ်။ အဲ့ဒါကြောင့် ဒီဂေဟာလေးရဲ့ လတိုင်းအလှူရှင်အဖြစ် ရှောင်းကျန့်ကခွင့်တောင်းခဲ့တော့ အားရဝမ်းသာ ကျေးဇူးတင်ကြောင်း တစ်ဖွဖွပြောနေတာမို့ သူ့မှာနေရခက်စွာဖြင့် အပြုံးနဲ့သာတုန့်ပြန်ဖြစ်ခဲ့တယ်။

_

အချိန်ကနေ့လည်နှစ်နာရီ...

ရှောင်းကျန့်တို့နဲ့အတူပါလာတဲ့ လူတွေကတော့ နေ့လည်စာစားနေကြတယ်။ ဂေဟာတစ်ခုလုံးက မနက်ခင်းချိန်နဲ့မတူစွာ ငြိမ်ဆိမ်နေခဲ့တယ်။ ‌ဂေဟာလေးက မြို့နဲ့နည်းနည်းအလှမ်းဝေးတော့ ကလေးတွေအသံမကြားရတဲ့အချိန်ဆိုရင် လေတိုးသံ၊ အကောင်ငယ်လေးတွေအော်သံ တွေသာကြားရသည်။

Hidden love Donde viven las historias. Descúbrelo ahora