16

2.4K 293 41
                                    

[ Unicode ]


" ကို! အခုတလောဘယ်လိုဖြစ်‌နေတာလဲ၊ တစ်ခါလေးတောင်မအော်ခဲ့ဘူးတဲ့ လီယာ့ကို တစ်ခြားသူတစ်ယောက်ကြောင့် အော်တယ် "

" ရှောင်းကျန့်က တစ်ခြားသူ မဟုတ်ဘူးလီယာ! "

" ဟက်... တခြားသူမဟုတ်ရင် ဘယ်သူလဲ "

သူ့ရဲ့ရုံးခန်းမှာ စကားအခြေအတင်ဖြစ်နေကြတဲ့ သူနှစ်ယောက်ကြောင့် Evanက အတော်လေးကို နေရခက်နေပြီဖြစ်တယ်။ ဒါကိုသိတဲ့ ရိပေါ်က သူ့အရှေ့က စိတ်ပျက်စရာ မိန်းမရဲ့လက်ကိုဆောင့်ဆွဲလို့ ခေါ်ထုတ်ခဲ့တော့တယ်။

" ‌အ! ဘာလုပ်တာလဲ...ဘာလို့ လီယာ့ကိုအခုလိုတွေ ဆက်ဆံနေရတာလဲ "

တရွတ်တိုက်မတတ်ပါလာတဲ့ မိန်းကလေးက လမ်းတစ်လျှောက်လုံး ရုန်းကန်လို့အော်ဟစ်နေခဲ့တယ်။

" မင်း ပါးစပ်ကိုပိတ်ထား! "

ဒေါသအလျောက် ရိပေါ်ရဲ့မျက်နှာက အလွန်တရာကိုမာထန်နီရဲနေပြီဖြစ်တယ်။ ကျန့်ငယ်ကို ဒီမိန်းမရိုက်လိုက်ကတည်းက သူထိန်းချုပ်ထားရတဲ့ဒေါသတွေ အခုတော့ပေါက်ကွဲပစ်ဖို့ အသင့်ဖြစ်လို့နေခဲ့ပြီ။

ကားထဲကိုပစ်ထည့်ခံရတဲ့ အားကပြင်းလွန်းတဲ့အပြင် ဆောင့်ဆွဲခံထားရတဲ့လက်ကလဲ နီရဲလို့ ချက်ချင်းယောင်လာပြီဖြစ်တယ်။ ကို့ရဲ့ဒေါသကို တစ်ခါမှမမြင်ဖူးတဲ့သူမအဖို့ အတော်လေးကိုလန့်မိပေမဲ့ အခုတော့ဒေါသစိတ်ကသာ သူမရဲ့ကိုအနိုင်ယူထားသည်။

လီယာကိုကားထဲထည့်ပြီးတာနဲ့ ရိပေါ်ကမောင်းသူဘက်၀င်ထိုင်ကာ ကားကိုတရမ်းမောင်းထွက်ခဲ့တော့သည်။ ကားစတီယာရင်ကို ကိုင်ထားတဲ့သူ့ရဲ့လက်တွေကလဲ အကြောများထောင်သည်အထိ တင်းတင်းကြပ်လျက်ရှိတယ်။ ကားထဲကလေထုက အနှုတ်ဘက်ကိုရောက်နေပြီဖြစ်တယ်။ သိပ်မကြာခင်မှာပဲ YL Ent ရဲ့အရှေ့ရောက်တော့ တိကနဲရပ်သွားသည်။

" ဆင်း "

သူ့ကိုနားမလည်သလိုကြည့်နေတဲ့ လီယာကို ထိုတစ်ခွန်းသာပြောလို့ ရိပေါ်က အရင်ဆင်းသွားပြီး ရုံးခနါးထဲကိုသွားနေတယ်။ ရုံးခန်းထဲရောက်တာနဲ့ လည်ပင်းကနက်ခ်တိုင်ကို ခပ်ယဲ့ယဲ့အနေအထား ဖြေချထားလို့ လက်နှစ်ဖက်က အလုပ်စားပွဲကိုထောက်ထားတယ်။ ထင်းနေတဲ့ နားထင်ကြောများက ရိ‌ပေါ်ရဲ့ဒေါသလယ်ဗယ်အမြင့်ဆုံးကို ညွှန်ပြနေတယ်။

Hidden love Donde viven las historias. Descúbrelo ahora