20

2.5K 288 28
                                    

[ Unicode ]

' ထိပ်တန်းမင်းသား ရှောင်းကျန့်နဲ့ မင်းသမီး Scarlett တို့ရဲ့ Dating news '

' အခုလက်တလော Craziest Things ဆိုတဲ့ ဇာတ်လမ်းတွဲမှာ အတွဲအညီညီနဲ့ ပါ၀င်သရုပ်ဆောင်နေစဲ ဖြစ်တဲ့ မင်းသားရှောင်းကျန့်နဲ့ မင်းသမီး Scarlett တို့ဟာ တွဲနေကြပြီဆိုတဲ့ အကြောင်းကို ဒီကနေ့မှာပဲဖော်ထုတ်လာတာဖြစ်ပါတယ်။ နှစ်ဖက်သော Fanတွေကလဲ ဒီသတင်းကို အတည်ပြုဖို့ ကြိုးစားနေကြတုန်းပဲဖြစ်ပါတယ်။

ထွက်ပေါ်နေတဲ့သတင်းတွေနဲ့ပက်သတ်လို့ ကာယကံရှင်တွေကအတည်မပြုသေးသလို Entတွေကလဲ ငြင်းချက်ထုတ်မလာသေးပါဘူး '

Dean သတင်းမဆုံးခင်ပဲ ဖွင့်ထားတဲ့ တီဗွီကိုပိတ်ပစ်လိုက်တယ်။ သူ့ဘေးတစ်ခုံကျော်မှာ ဇာတ်ညွှန်းထိုင်ဖတ်နေတဲ့ ကျန့်ကျန့်ကိုကြည့်ပြီး သက်ပြင်းမောတစ်ချက်ကိုချမိပြန်တယ်။ ကာယကံရှင်က သူမဟုတ်သလိုမျိုး အေးဆေးစွာပဲ။

" ကျန့်ကျန့်ဘာတွေ လျှောက်လုပ်နေတာလဲ "

" ဟင်...ဘာကိုလဲကောရဲ့ ၊ ကျွန်တော်ကဘာတွေလျှောက်လုပ်နေလို့လဲ "

" ထွက်နေတဲ့ scandalတွေကို မဖြေရှင်းတော့ဘူးလား၊ Fanတွေက မင်းဖြေရှင်းချက်ကို အခုချိန်မှာရူးလောက်အောင်စောင့်နေမယ်ဆိုတာ သိရဲ့သားနဲ့
ကျန့်ကျန့် "

" ကျွန်တော်သူတို့အတွက် စဉ်းစားပြီးသားပါ "

" ဒါပေမဲ့.... "

" ကျစ်! ကျွန်တော် ဇာတ်ညွှန်းဖတ်နေတာမို့‌ တိတ်တိတ်လေးနေပေးလို့ရမလား "

မင်းသားလေးက ပြီးခဲ့တဲ့ရက်သတ္တပတ်ကတည်းကပြောင်းလဲသွားခဲ့တာ အခုဆိုရင်တစ်ခြားသူတစ်ယောက်လိုပဲ။ သူဘယ်တုန်းကမှ မရင်းနှီးခဲ့တဲ့ပုံစံမျိုးနဲ့။

" ဒီနေ့ scheduleကဘာတွေလဲ "

" ဒီနေ့အတွက်က ရိုက်လက်စseries ရဲ့နောက်ဆုံး scenes ကိုပဲရိုက်ရမှာ၊ အဲ့ဒါပြီးရင်တော့ ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ နှုတ်ဆက်ညစာစားပွဲရှိတယ် "

" အော်... ဒါဆိုရင်ကောကပဲ လက်ဆောင်ပြင်ပေးထားပါဦး အဖွဲ့သားတွေအတွက် "

Hidden love Wo Geschichten leben. Entdecke jetzt