[ Unicode ]
စာပို့ပြီးတာနဲ့ ရိပေါ်ကအောင်နိုင်သူလိုပြုံးလို့ Deanပြန်ထွက်လာမဲ့ အချိန်ကို ကားထဲကနေစောင့်နေတယ်။ ဒါဟာကျန့်ငယ် ဖြေရှင်းရမယ့် ကိစ္စဖြစ်တာကြောင့် သူကဘေးကနေစောင့်ကြည့်နေရုံပင်။
_ကစားကွင်းကနေ ကွန်ဒိုကိုပြန်ရောက်တော့ တံခါးpasscode ကိုနှိပ်လို့ Deanကောကဦးဆောင်လို့၀င်သွားပြီဖြစ်တယ်။ အနောက်ကလိုက်လာတဲ့ရှောင်းကျန့်က ဖိနပ်ချွတ်နေရာမှာ သူစီးထားတဲ့အဖြူရောင် sneakersကိုချွတ်လို့ အိမ်တွင်းစီးဖိနပ်ကိုပြောင်းပြီးချိန် ဖုန်းကစာ၀င်လာကြောင်း notiသံထွက်လာတာကြောင့် ဘောင်းဘီအိတ်ထဲထည့်ထားတဲ့ဖုန်းကို ထုတ်ကြည့်လိုက်သည်။
စာပို့လာသူကိုကြည့်လိုက်တော့ နှစ်ယောက်မရှိတဲ့ သူ့ရဲ့ချစ်လှစွာသောဖြစ်နေတာကြောင့် စာကိုချက်ချင်းဖွင့်ဖတ်မိသည်။ တကယ်ကိုအမှတ်မရှိတဲ့
ရှောင်းကျန့်ပါလေ...။ သို့သော် မြင်လိုက်ရတဲ့စာကြောင့် လက်ထဲကဖုန်းကိုမလွတ်ကျအောင် ခပ်တင်းတင်းဆုပ်ကိုင်ထားရသည်။ ဒီလူကသူ့ကို ဘာတွေပြောနေတာလဲ....< မင်းသိပ်ချစ်ပြီး သိပ်ကိုအားကိုးနေတဲ့ အကောင်က မင်းကိုလှည့်စားနေတာကို သိရင်ဘယ်လိုနေမလဲငါသိချင်မိတယ်ရှောင်းကျန့် >
စာဖတ်ပြီးတာနဲ့ ယောင်ယမ်းလို့ Deanကောကိုကြည့်မိတော့ ကစားကွင်းကပြန်ပါလာတဲ့ ပစ္စည်းတွေကို နေရာချလို့ ပါးစပ်ကလဲ တတွတ်တွတ်နဲ့ မန်နေဂျာတို့ထုံးစံအတိုင်း အချိန်ဇယားနဲ့ လုပ်ဆောင်ရမဲ့တာ၀န်တွေကိုပြောနေပြန်သည်။
" ကျန့်ကျန့် မနက်ဖြန်အတွက် မနက်ပိုင်းမှာ commercial ရိုက်ကွင်းတစ်ခု၊ နေ့လည်ပိုင်းမှာ photo shootတစ်ခုနဲ့ ညနေပိုင်းမှာ ကုန်ပစ္စည်းမိတ်ဆက်ပွဲတစ်ခုရှိတယ်။ အဲ့ဒါပြီးရင်တော့ ကြားထဲမှာ သုံးနာရီနားချိန်ရှိပြီး ရှေ့လကလက်ခံထားတဲ့ Series ရဲ့night scenes ရှိတယ်ဘယ်အချိန်ပြီးမလဲတော့ မသိရသေးပေမဲ့ သေချာတာကတော့ မိုးလင်းဖို့များတယ်။ ၀တ်စုံကိစ္စကို ဘယ်လိုလုပ်မလဲကျန့်ကျန့် "
" ...... "
သူပြောနေတဲ့စကားတွေကို ဘာအဖြေမှပြန်ပေးမလာတာမို့ Deanက ပစ္စည်းတွေသိမ်းနေရာကနေလှည့်ကြည့်မိတော့ ဖိနပ်ချွတ်နေရာမှာပဲ မလှုပ်မယှက် မျက်လုံးသေများနဲ့ သူ့ကိုကြည့်နေတဲ့ မင်းသားလေး...
