[ Unicode ]
ရိပေါ်က သူ့ရဲ့သဘောအတိုင်းဆိုရင်ကျန့်ငယ်ရဲ့သဘောကိုလွန်ဆန်ပြီး အတင်းပွေ့ခေါ်ကာကိုယ်တိုင်မျက်နှာသစ်ပေးမှာဆိုပေမဲ့ သူ့ကြောင့်နဲ့ထိခိုက်ဒဏ်ရာခဲ့တဲ့ကျန့်ငယ်ကို သူ့ရဲ့အပြုအမူတွေနဲ့ပါထပ်ပြီး စိတ်မပင်ပန်းစေချင်တာကြောင့် ဆန္ဒတွေကို ချုပ်တည်းလို့ မီးဖိုခန်းကိုထွက်လာခဲ့တာဖြစ်တယ်။
မီးဖိုခန်းထဲကိုရောက်တော့ မနက်စာအတွက်ကျန့်ငယ်ကြိုက်တဲ့ ဖက်ထုပ်ပြုတ်လေးလုပ်ပေးဖို့ ရိပေါ်က အေပရွန်၀တ်ပြီး ချက်ပြုတ်ဖို့စတင်ရတယ်။ ဒါပေမဲ့ သူ့ရဲ့အာရုံကတစ်ချိန်ထဲမှာပဲ နှစ်နေရာအလုပ်လုပ်ရတယ်။ တစ်ယောက်တည်းကျန်ခဲ့တဲ့ကျန့်ငယ်အဆင်ပြေပါ့မလားလို့တွေးရင်း အခန်းဘက်ကိုလဲ ဖက်ထုပ်လုပ်ရင်းတစ်သတိထားကြည့်နေရသည်။
ရှောင်းကျန့်ကတော့ ပုံမှန်ဆိုရင်မနက်ကိုအမြဲရေချိုးနေကျဖြစ်ပေမဲ့ အခုအချိန်မှာတော့ သူအစွမ်းသာဘူးဖြစ်နေတယ်။ ဒီစိတ်ပျက်စရာခြေထောက်တွေကြောင့်။
" ဟင်း...."
စိတ်ပျက်လက်ပျက်နဲ့ သူ့ခြေထောက်တွေကိုငုံ့ကြည့်လို့ သက်ပြင်းမောချလိုက်သည်။ စိတ်သွားတိုင်းကိုယ်မပါနိုင်တဲ့အခြေအနေမျိုးကို ရှောင်းကျန့်က တအားမုန်းပါသည်။ မုန်းပေမဲ့လဲဒီအခြေအနေမှာ သူလုပ်စရာတွေရှိသေးတာမို့ အချိန်ဆွဲမနေတော့ပဲ မျက်နှာသစ်လို့ ရေချိုးခန်းထဲကထွက်လာခဲ့သည်။ ကိုယ်တိုင်တွန်းရတဲ့ဝှီးချဲလေးက အိပ်ခန်းထဲပြန်ရောက် အဲ့ဒီလူကိုမတွေ့ ....မီးဖိုခန်းကနေ လှုပ်လှုပ်ရှားရှားအသံကြားလိုက်တာမို့ မျက်ခုံးတန်းတို့ကတွန့်ကုပ်သွားရသည်။ သိချင်စိတ်ကြောင့် အပြင်ကိုရှောင်းကျန့်ထွက်လာတော့
တစ်ခုခုကို လှီးဖြတ်နေသံတစ်တောက်တောက် ဘေးမှာလဲ တည်ထားတဲ့အိုးက ဆူပွက်ကာ အငွေ့တစ်ထောင်းထောင်းထွက်နေသည်။ တစ်ယောက်တည်းအလုပ်ရှုပ်နေတဲ့အဲ့ဒီလူကတော့ သူရောက်နေတာကိုမသိ။
~ အဲ့ဒီလူရဲ့ကျောပြင်ကျယ်က ဘာလို့ဒီလောက်အထိ ၀မ်းနည်းစရာကောင်းရတာလဲ။ ဒါကလဲ သူကအမြဲ အဲ့ဒီလူကျောခိုင်းသွားခြင်းကိုခံခဲ့ရလိုနေမှာပါ ~