[Unicode]
တစ်ပတ်ရှိပြီ... ချုံချင်းကပြန်လာကတည်းက အဲ့ဒီလူရဲ့အရိပ်အယောင်ကိုတောင် ရှောင်းကျန့်မမြင်ရ။ ကိုယ့်ကိုရှောင်မနေပါနဲ့လို့ ပြောသွားပြီး အခုများတော့ ဘယ်စီရောက်နေမှန်းမသိ။
_
အဲ့ဒီနေ့ညက
ဂေဟာကနေကားမောင်းလာတာအတော်ဝေးဝေးကိုရောက်နေပြီဖြစ်တယ်။ မြို့ထဲနဲ့အတော်ဝေးတဲ့နေရာလေးဖြစ်တာကြောင့် ညဘက်ဆိုရင်ကားအသွားအလာကသိပ်မရှိတာကြောင့် ကားထဲကသူတို့ရဲ့အခြေအနေကို တခြားသူသိဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စ။ အဲ့ဒါကြောင့်လဲ ဒီလူကရဲတင်းလွန်းနေတာလို့ ရှောင်းကျန့်တွေးတာ မလွန်ဘူး။
" ခင်များလက်အောက်ကလူဆိုတိုင်း ကျွန်တော့်ကိုအပေါစားလိုဆက်ဆံတာလား ဝမ်ရိပေါ်! "
" ..... "
ဒီလူကိုချစ်မြတ်နိုးရချင်းမှာ ရှောင်းကျန့်ရဲ့ နှလုံးသားတစ်ခုလုံးရင်းထားတာဖြစ်လို့ အရင်းအနှီးကသိပ်ကြီးတယ်။ ဒါကိုမေတ္တာပြန်မပေးနိုင်ရင်တောင်နေပါ အပေါစားလိုဆက်ဆံဖို့အတွက် ဒီလူမှာအခွင့်အရေးမရှိပါ။ ဒါကြောင့်ပဲ ထုတ်မေးမိတဲ့မေးခွန်းက အဖြေပြန်မရတဲ့အခါ ရင်နာရုံမျှတပါး အခြားသောအရာမရှိခဲ့။
" ကျွန်တော့်မှာ ရည်ရွယ်သူရှိရှိ မရှိရှိဘာဆိုင်သလဲ ခင်များနဲ့။ ကျွန်တော့်ကို ခင်များလက်လောက်ကလူဆိုတိုင်း လက်လွတ်စပါယ်ဆက်ဆံတာ ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ CEO "
တစ်လျှောက်လုံး ဒီလူပေးခဲ့သမျှဒဏ်ရာက ဒီတစ်ခါအနက်ဆုံးပဲ။
" Sorry ကိုယ်စိတ်လွတ်သွားတယ် "
စကားလေးတစ်ခွန်းပါပဲ ဒါပေမဲ့ရှိပြီးသားဒဏ်ရာတွေအပေါ် ဆားသိပ်တဲ့ စကားဖြစ်နေခဲ့ရုံပဲ။
" ဂေဟာမှာ ကျွန်ဆော့်ကိုစောင့်နေတဲ့လူတွေရှိလို့ ပြန်ပါတော့မယ်။ ခင်များကတော့သွားလိုရာကို ဖြောင့်ဖြောင့်တန်းတန်းသာ သွားပါ "
ပြောပြီးတာနဲ့ ကားတံခါးဖွင့်ကာ ဆင်းဖို့အလုပ် လက်တစ်ဖက်ကို ဆုပ်ကိုင်လာတဲ့ထိုလူက