14

2.8K 341 36
                                    

[ Unicode ]

" ကို.. ကျန့်ကျန့်တို့ရော "

ဖုန်းပြောပြီးပြန်၀င်လာတဲ့ လီယာကကျန့်ငယ်တို့ကိုမတွေ့တော့ ဆိုင်ထဲကို‌ဝေ့ဝဲကြည့်ပြီးမေးလာတယ်။

" ပြန်သွားပြီ "

" အင်းပေါ့ starတစ်ယောက်ဆိုတော့လဲ public‌ area တွေထွက်ရတာ လွတ်လွတ်လပ်လပ်ဘယ်ရှိပါ့မလဲ "

" စားစရာရှိတာစားတော့ လီယာအပိုစကားတွေမပြောနဲ့တော့ "

စကားပြောရင်းထိုင်ခုံမှာ ၀င်ထိုင်လာတဲ့သူမက ညနေစာစားဖို့ထက်ကို ကျန့်ငယ်တို့အကြောင်းပိုစိတ်၀င်စားသွားပုံပေါ်သည်။

" ဒါနဲ့လေ မန်နေဂျာက ကျန့်ကျန့်ကိုအရမ်းဂရုစိုက်တာပဲနော်၊ လီယာတို့ကိုတွေ့တာတောင် ပုဇွန်ခွာမပျက် နှုတ်‌တောင်မဆက်အားဘူး "

ရှောင်းကျန့်တို့အကြောင်းသာ ပြောနေတဲ့သူမက ပြောင်းလဲနေတဲ့ ခင်ပွန်းလောင်းရဲ့မျက်နှာကို သတိမထားမိခဲ့ဘူး။

" ရိုက်ကူးရေးမှာ accidentဖြစ်ထားတယ်၊ အဲ့ဒါကြောင့် မန်နေဂျာကပိုဂရုစိုက်ပေးနေရတာ "

ရှင်းပြနေတဲ့ ၀မ်ရိပေါ်ရဲ့အသံက ကြောက်စရာကောင်းလောက်အောင် အေးစက်နေခဲ့တယ်။ သို့သော် လီယာကတော့ ဆက်ပြီးပြောနေတုန်းပဲ။

" အော်.... လီယာ့အမြင်မှာတော့ တာ၀န်တစ်ခုဆိုတာထပ် သူကိုယ်တိုင်ကလိုလိုလားလား လုပ်ပေးနေတာလို့ပဲထင်တယ် "

" လီယာ သူများအကြောင်းစိတ်၀င်စားနေတာ တွေရပ်လိုက်တော့! "

" ဟုတ်.. ကို "

ဘေးလူတွေတောင်အတိုင်းသား မြင်နေရတဲ့အရာကို ကျန့်ငယ်ကမမြင်ဘူးဆိုတာမဖြစ်နိုင်ဘူး။ မသိချင်ယောင်ဆောင်ထားတာလား ဒါမှမဟုတ် ကျန့်ငယ်ရဲ့ရည်ရွယ်သူက အဲ့ကောင်များလား။ တကယ်သာဆိုရင်တော့ ကျန့်ငယ်ရဲ့ဘေးကအဲ့ကောင်ကို အမြန်ဆုံးဖယ်ထုတ်ပစ်ရမှာပဲ....

ဒီနေ့လိုမျိုးသူ့ဘေးမှာသာ လီယာပါမလာခဲ့ရင် အဲ့ကောင်နဲ့အတူယှဉ်ထိုင်နေတဲ့ ကျန့်ငယ်ကို ဒီနေရာကနေဆွဲထုတ်သွားမိမှာ၊ ဒါပေမဲ့ သူ့စိတ်ထဲရှိတဲ့အတိုင်း လုပ်လို့မရခဲ့ဘူးဘေးမှာ သူ့ဇနီးလောင်းပါလာတယ်မဟုတ်လား။

Hidden love Dove le storie prendono vita. Scoprilo ora