32

1.9K 134 11
                                    

[ Unicode ]

" ကျန့်ငယ် နိုးနေရင်ထတော့နော် " 

အပြောနဲ့အတူ နဖူးပေါ်ရောက်လာတဲ့ အနမ်းနွေးနွေး သူလုပ်ချင်တာလုပ်ပြီး ကျောခိုင်းကာသူ့အတွက်အဝတ်ထုတ်ပေးနေတဲ့ အဲ့ဒီလူကို ရှောင်းက်န့်ကမျက်မှောင်ကျုံ့လို့ကြည့်လိုက်သည်။ အကြောင်းအရင်းကတခြားတော့မဟုတ်ဘူး အဲ့ဒီလူက သူနဲ့အတူနေလာတဲ့ ဒီနှစ်ပတ်လုံးရှောင်းကျန့် ဘယ်လောက်ပဲငြင်းဆန်ပြောဆိုနေပါစေ အပြုံးအေးအေးနဲ့သာတုံံ့ပြန်တယ် နောက်ပြီးရင်သူလုပ်ချင်ရာလုပ်တာမို့ ရှောင်းကျန့်ဆက်ပြောနေလဲ မောရုံသာရှိနေသည်မို့ အခုလိုမျိုးငြိမ်နေလိုက်တာဖြစ်တယ်။ 

' သီးခံလိုက်ရအောင် ရှောင်းကျန့် ခြေထောက်တွေကောင်းတဲ့အထိပဲ....'

ရှောင်းကျန့်အတွေးတို့ကိုလက်စသတ်လိုက်ပြီး အိပ်ယာပေါ်ကထဖို့အားယူလိုက်သည်။ ဒါကိုပဲ သူ့ လှုပ်ရှားသံကြောင့်အဲ့ဒီလူကသူ့ဘေးကိုအပြေးရောက်လာပြီး 

" ကိုယ့်ကိုခေါ်လိုက်ရောပေါ့ ကျန့်ငယ်ရယ် ကိုယ်တစ်ယောက်လုံးရှိနေတာကို "

"ခင်များကို အားမကိုးချင်လို့ပေါ့"

ကြည့်ပါလား သူအခုလိုပြောလဲဘာမှမဖြစ်သလိုအေးဆေးပဲ သူလုပ်ချင်ရာကိုလုပ်တာပဲ။ ရှောင်းကျန့် အဲ့ဒီိလူကို တိတ်တိတ်လေးပေးထားတဲ့ နာမည်ရှိတယ် အဲ့ဒါက ဝမ်အကြောတင်း တကယ်ပါပဲအရင်ကသိခဲ့တဲ့ အချေကောင်cool guy ဝမ်ရိပေါ်ကဘယ်ရောက်သွားလို့ ဒီအကြောတင်းကရောက်လာရတာလဲလို့ ရှောင်းကျန့် အလိုမကျစွာတွေးမိသည်။

ကျန့်ငယ်ကို ကုတင်ပေါ်ကနေရေချိုးခန်းထဲကို ပွေ့ချီိလို့ ရိပေါ်ခေါ်လာသည်ကိုပင် သတိမထားမိသည့်အလား အတွေးများသည်။ ထိုလူသားငယ်ကို ဘေစင်ပေါ်တင်ပေးပြီိး ရိပေါ်က ကျန့်ငယ်ရဲ့ဘေးနှစ်ဖက်ကို လက်ထောက်ထားပြီး အုံ့မိုးကာမျက်နှာလေးကို်ကြည့်လိုက်တော့ အတွေးထဲမှာလဲ ဘာတွေအလိုမကျဖြစ်နေသည်မသိ နှုတ်ခမ်းပါးတို့က အလိုမကျစွာ ဆူထော်နေသည်။ ရိပေါ်ထိုနှုတ်ခမ်းပါးလေးကိုကြည့်ပြီး တံတွေးမျိုချမိသည်........

Hidden love Donde viven las historias. Descúbrelo ahora