[ Unicode ]
နံရံပေါ်မှာချိတ်ထားတဲ့ နာရီလက်တံရဲ့ တစ်ချက်ချက်မြည်နေသံက တိတ်ဆိတ်နေတဲ့ ညသန်းခေါင်မှာ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေတယ်အချိန်အားဖြင့် နံနက်နှစ်နာရီကိုညွှန်ပြနေသည်။
သူ့အရှေ့မှာအေးချမ်းစွာ အိပ်ပျော်နေတဲ့ကျန့်ငယ်ကိုရိပေါ်ကမျက်တောင်မခတ်တမ်းထိုင်ကြည့်နေခဲ့တာဖြစ်တယ်။ အခုအခြေအနေကိုမယုံကြည်နိုင်စွာနဲ့၊ သူမျက်တောင်တစ်ချက်ခတ်လိုက်တဲ့ တစ်ခဏမှာ သူ့ရဲ့လက်ရှိအခြေအနေတွေပျောက်ကွယ်သွားမှာကို ကြောက်ရွံ့နေတာဖြစ်တယ်။
ကြည်စင်လွန်းလှတဲ့မျက်နှာလေးကို ရိပေါ်ကသူ့ရဲ့လက်ချောင်းရှည်တို့နဲ့ ထိတွေ့ရန်ပြင်လိုက်ပြီးမှပြန်ထိုလက်တွေကိုပြန်ရုတ်လိုက်တယ်။ သူ့ရဲ့လက်ကြမ်းကြီးတွေနဲ့မဆင်မခြင်ထိတွေ့လိုက်မိလို့ ကျန့်ငယ်ရဲ့မျက်နှာနုနုအရာထင်သွားမှာကိုရိပေါ်ကို သိပ်စိုးရိမ်ပါတယ်။ ထို့ကြောင့်ပြင်းပြနေတဲ့ထိတွေ့ချင်စိတ်ကို အံကြိတ်မြိုသိပ်ပြီး ကျန့်ငယ်ရဲ့နှဖူးပေါ်ဝဲကျနေတဲ့ ဆံသားအချို့ကိုသာခပ်ဖွဖွသပ်တင်ပေးရင်း အတွေးတို့ကပြီးခဲ့တဲ့ရက်တွေစီကိုပြန်ရောက်သွားတယ်.....
ကျန့်ငယ်ရဲ့ နှင်ထုတ်ချင်းကိုခံရတဲ့ ရိပေါ်ကအမှန်တကယ်ကိုသွားစရာနေရာမရှိခဲ့ဘူး။ Ent တစ်ခုလုံးရဲ့ ပိုင်ရှင်က သွားစရာမရှိဘူးဆိုတာကိုသာ တခြားသူတွေကြားခဲ့ရင်ရယ်နေကြလိမ့်မှာ သိပေမဲ့ တကယ်ကိုရိပေါ်မှာ သွားစရာနေရာမရှိခဲ့ပါ။
Barမှာဈေပေါပေါအရက်တွေသောက်ပြီး နာကျင်မှုကိုဖြေဖျောက်ရအောင်လဲ ကျန့်ငယ်အပေါ်ထားတဲ့သူ့ရဲ့အချစ်တွေက အဲ့လောက်ထိပေါ့ပျက်ပျက်မနိုင်ဘူး။ အဲ့ဒါကြောင့် နောက်ဆုံးရိပေါ်ရွေးချယ်မိတဲ့နေရာက သူ့အိမ်မှာရှိနေတဲ့ ကျန့်ငယ်ရဲ့ပုံရိပ်တွေ၊ အငွေ့အသက်တွေနဲ့ပြည့်နေတဲ့ အခန်းငယ်လေးကိုပဲဖြစ်တယ်။
အခန်းထဲရောက်တာနဲ့ ပရိုဂျာတာကိုဖွင့်လို့ အရှေ့ကခုံမှာ၀င်ထိုင်လိုက်တယ်။ ပုံရိပ်တွေတစ်ခုခုပြီးတစ်ရွေ့လျားပြောင်းလဲနေပေမဲ့ ၀မ်ရိပေါ်ရဲ့မျက်လုံးကတော့ လှုပ်ရှားမှုကင်းမဲ့နေခဲ့တယ် မဟုတ်ဘူး လှုပ်ရှားဖို့မေ့လျော့နေခဲ့တာဆို ပိုပြီးမှန်ကန်လိမ့်မယ်။
