[Unicode]
" Hey Evan, our model has arrived "
" Oh! "Welcome to Paris."
" Hello, nice to meet you, Mr. Evan. I am Xiao Zhan "
" ကျွန်တော်လည်းပဲတွေ့ရတာဝမ်းသာပါတယ်၊ ပြီးတော့ တရုတ်လိုပြောလဲရပါတယ် ကျွန်တော်က တရုတ်လူမျိုး ပြင်သစ်နိုင်ငံသားပါ "
" အာ! အဲ့လိုလား ကျဲလျှံဝေက မပြောပြထားတော့.."
ပါရီကိုရောက်တာနဲ့ ကျဲကလေဆိပ်မှာလာကြိုသည်လေ။ ပြီးတော့ မိတ်ဆက်ပေးရမယ့်လူရှိတယ်ဆိုကာ ဒီကိုအရင်ခေါ်လာတာဖြစ်တယ်။ ဒီရောက်တော့မှသိရတာက ကျဲနဲ့ collaborationလုပ်တဲ့ နာမည်ကြီးဒီဇိုင်နာ Evan! ပိုပြီးအံ့ဩရတာက ထိပ်တန်းဒီဇိုင်းပညာရှင်က သူတို့လိုတရုတ်လူမျိုးဆိုတာကိုပင်။
" ကျဲကမပြောထားတာမဟုတ်ဘူးလေ၊ မင်းနဲ့ကျဲက ဘယ်နှစ်ခါအေးဆေးစကားပြောရလို့လဲ ပြီးတော့ မင်းကလဲအလုပ်တွေနဲ့ ကျဲကလဲဒီဘက်ကိုအာရုံစိုက်နေရတော့ မပြောပြဖြစ်တာပါ၊ အဲ.. ဒါနဲ့ ဒီရောက်မှမင်းကို သူနဲ့မိတ်ဆက်ပေးမယ်ပြောထားတယ်လေ "
ကျဲရဲ့စကားကိုကြားမှ သူသတိရသည်။ ဟုတ်သားပဲ ဒီရောက်မှမိတ်ဆက်ပေးမယ်ပြောထားတာကို။ ကိုယ့်အမှားဖြစ်တာကြောင့် လည်ပင်းလေးကိုအရှက်ပြေပွတ်လို့ ကျဲကိုသွားသာဖြဲပြနိုင်သည်။
" ဟီး.. ကျွန်တော်ကမေ့သွားလို့ပါကျဲ ဒီတစ်ခါတော့ဗွေမယူပါနဲ့ "
" ဟွန့်! မပြောချင်ဘူး ဒီကျဲကျဲကိုအပြစ်ပုံချချင်နေတာလား မင်းလေးက "
" အဲ့လိုသဘောမျိုးမဟုတ်ရပါဘူး.. ကျဲရယ် "
Evan သူ့အရှေ့ကနှစ်ယောက်ကိုကြည့်လို့ ပြုံးမိသည်။ ဒီနှစ်ယောက်ကြားက relationshipက တစ်ကယ်ကိုချစ်စရာလေး သို့သော်အခုချိန်တော့မဟုတ် မနက်ဖြန်ပွဲက ပိုအရေးကြီးသည်မို့ သူဝင်တားရတော့မည်။
" ဟုတ်ပြီ ဟုတ်ပြီလျှံဝေ ကိုယ်သိပြီမို့မို့ အခု ကျန့်ကျန့်ဝတ်ရမယ့် ဒီဇိုင်းတွေအတွက် fittingကျမကျ ကြည့်ရအောင်၊ ပြီးတော့ လျှံဝေခေါ်သလို ကျန့်ကျန့်လို့ ခေါ်လို့ရတယ်ဟုတ် "
Evanကပေါင်းသင်းဆက်ဆံရေးကောင်းသူတစ်ယောက်လို့ ရှောင်းကျန့်ကမှတ်ချက်ပေးသည် တစ်
ပြိုင်နက်တည်း တဖက်လူအပေါ်လဲ respect ရှိသည်။ အခုလဲ ကျဲနဲ့စကားပြောရင်း သူ့ကိုခွင့်တောင်းလာသည်မဟုတ်လား