[ Unicode ]
" ပါး၊ မား ကိုရောဟင် "
နေ့လည်ခင်းအနားယူပြီး အိမ်တော်ရဲ့ဧည့်ခန်းကို သူမဆင်းလာတော့ ၀မ်လင်မယားကိုသာတွေ့တာမို့ မျက်စိအနည်းငယ်ကစားလို့ရှာကြည့်ပေမဲ့မတွေ့။ နောက်ဆုံးမှာတော့ ဧည့်ခန်းထဲကိုသာလျှောက်သွားလို့ သူမမေးရတော့သည်။
" ဆင်းလာပြီလား မိန်းကလေးလီယာ "
သူမမေးတာကို မဖြေပဲမေးခွန်းပြန်ထုတ်လာတဲ့၀မ်သခင်မရယ်ပါ။ ၀မ်သခင်ကြီးကတော့ မျက်နှာထားတည်စွာနဲ့ပဲ လက်ဖက်ရည်သောက်နေတယ်။
" ဟုတ်ကဲ့ မား "
" သား၀မ်က မင်းကိုဘာမှမပြောသွားဘူးလား၊ သူ့အလုပ်မှာ အရေးကြီးကိစ္စပေါ်လာလို့ ချက်ခြင်း
ပေကျင်းကိုပြန်သွားတယ်လေ။ အန်တီက မင်းကိုပြောသွားတယ်ထင်နေတာ မပြောသွားဘူးပေါ့လေ ဒီကလေးဟာဆိုးလိုက်တာ အဟင်း "သူမကိုခနဲ့သလိုပြောလာတဲ့ ၀မ်သခင်မရဲ့စကားကြောင့် လီယာက အောက်နှုတ်ခမ်းကို ခပ်တင်းတင်းဖိကိုက်ထားမိတယ်။ ထို့နောက်တော့ ချက်ခြင်းအပြုံးနုနုတခုဖန်တီးလို့
" ကိုကအသိလာပေးရင်တောင် လီယာအိပ်ပျော်နေလို့ မသိလိုက်တာဖြစ်မယ် မားရဲ့၊ အခုတော့ လီယာကို့ဆီဖုန်းဆက်ကြည့်လိုက်ဦးမယ်နော်၊ ခွင့်ပြုပါဦး မားနဲ့ပါး "
" အေးအေး၊ ဖုန်းဆက်မရရင်လဲ အရမ်းစိတ်မပူပါနဲ့ကွယ်၊ သား၀မ်အဆင်ပြေမှာပါ "
" ဟုတ်ကဲ့ပါ မား "
အခန်းထဲကိုရောက်တာနဲ့ လီယာက ရိပေါ်ဆီကိုချက်ချင်းဖုန်းခေါ်ပေမဲ့ တစ်ဖက်ကမကိုင်။ ပထမတစ်ကြိမ်၊ ဒုတိယတစ်ကြိမ်၊ တတိယတစ်ကြိမ်... မရေမတွက်နိုင်အောင်ဖုန်းခေါ်နေပေမဲ့ မကိုင်တဲ့သူကြောင့် သူမစိတ်တို့မထိန်းနိုင်စွာ ဖုန်းကိုကြမ်းပြင်ပေါ်ပစ်ပေါက်မိသည်အထိ။
ရိပေါ်ဆီဆက်သွယ်လို့မရတဲ့အဆုံး ခရီးဆောင်အိတ်ထဲက note bookကိုထုတ်လို့ သူငယ်ချင်းဖြစ်သူလျှံဝေဆီကိုဆက်သွယ်မည်အပြု Weiboပေါ်ကမြင်လိုက်ရတဲ့သတင်းတွေကြောင့်.... သူမကိုမိဘအိမ်မှာ တစ်ယောက်တည်းထားခဲ့ရလောက်အောင်၊ ချက်ချင်းပြန်သွားရလောက်အောင်အထိ အရေးကြီးကိစ္စကဒါလား
