[Unicode]
တရုတ်ရိုးရာစားသောက်ဆိုင်ကြီးရဲ့ သီးသန့်ခန်းထဲမှာကျင်းပနေတဲ့ မိသားစုတွေ့စုံပွဲတစ်ခု။
" ရိပေါ် မင်းမိဘတွေရောဘယ်တော့ပြန်လာကြမလဲ"
" နောက်လကုန်လောက်ဆိုရင် ပြန်လာမယ်လို့ ပြောထားပါတယ် အန်ကယ်လ် "
" အေးကွာ မင်းမိဘတွေနဲ့လဲမတွေ့ဖြစ်တာ နှစ်တွေအတော်ကြာနေပြီ၊ မှတ်မှတ်ရရ မင်းတို့ဘွဲ့ယူတဲ့နေ့ကနောက်ဆုံး ဆုံဖြစ်ကြတာပဲထင်တယ် "
ရိပေါ်နဲ့လျှံဝေက ငယ်သူငယ်ချင်းတွေ၊ လျှံဝေကနေတစ်ဆင့် လီယာနဲ့ရင်းနှီးသွားခဲ့တာဖြစ်တယ်။ နောက်ပိုင်း ငယ်သူငယ်ချင်းဖြစ်တဲ့ လျှံဝေနဲ့တောင် သိပ်မခေါ်ပြောဖြစ်တဲ့အထိ လီယာနဲ့သူကတစ်ပူးတွဲတွဲဖြစ်ခဲ့တာမို့ မိဘချင်းတွေကလဲ ရင်းနှီးသွားခဲ့တာဖြစ်တယ်။
" ဒါနဲ့ သမီးတို့မင်္ဂလာပွဲကို ဘာလို့အလောတကြီးလုပ်ချင်ရတာလဲ၊ လီယာကပူဆာလို့လား ရိပေါ် "
" ဟွန်း... မဟုတ်ပါဘူးနော်၊ ပါးရဲ့သားမက်လောင်းကသာလောနေတာကို "
လီယာကချစ်စဖွယ် နှုတ်ခမ်းဆူလို့ မကျေနပ်ဟန်ပြောလာသည်။
" ဟေ... ဟုတ်လား၊ မသိပါဘူး ပါးသမီးအကြောင်းကို ပါးအသိဆုံးလေ "
" ပါးနော်! ကို..ဝင်ပြောပေးဦးလေ၊ ဘာလို့ကိုကပါ ရယ်နေတာလဲ။ ပါးလဲမကောင်းဘူး ကိုလဲမကောင်းဘူး တစ်ယောက်မှမကောင်းဘူး "
" အယ်! ဒါဆိုမားကရော သမီးလေး "
" မားလဲ မကောင်းဘူး "
" ဟော့တော်! သူ့ပါးနဲ့ရိပေါ်ကို စိတ်ဆိုးတာနဲ့ပဲ မားကပါမကောင်းတော့ဘူးပေါ့လေ... အဆိုးမလေး "
" အဲ့ဒါပဲကြည့် ရိပေါ်ရေ မင်းဇနီးလောင်းက တကယ်မလွယ်ကြောလေး၊ ဟား..ဟား..ဟား "
ဟုတ်တယ် သူမကတစ်ကယ်မလွယ်ဘူး!
ရယ်သံတွေနဲ့ပြည့်နှက်နေတဲ့ တွေ့စုံပွဲလေးကနွေးထွေးသယောင် အပြုံးကိုယ်စီနဲ့! သို့သော်.... မတူညီတဲ့အတွေးတွေနဲ့။
Du..Du...Du...
ရိပေါ်ရဲ့ဖုန်းကအချိန်ကိုက်ဆိုသလို မြည်လာခဲ့တဲ့၊ ခေါ်ဆိုသူက သူ့ရဲ့အတွင်းရေးမှူး Sam တစ်ဖြစ်လဲ ကျန့်ငယ်ကို အနီးကပ်စောင့်ကြည့်ခိုင်းထားတာ
