[ Unicode ]
ဆရာ၀န်ကြီးနဲ့တွေ့ပြီးသွားတဲ့ Deanက ဆေးရုံအရှေ့ကစားသောက်ဆိုင်မှာ ကျန့်ကျန့်အတွက်ဖက်ထုပ်မှာထားတာကိုစောင့်နေရင်း ဖွင့်လျက်သားရှိနေတဲ့ တီဗွီကိုကြည့်နေလိုက်တယ်။ ဟုတ်တာပေါ့ ဒီနေ့က အအောင်မြင်ဆုံးသောအနုပညာရှင်တွေကိုမွေးထုတ်ပေးနေတဲ့ YL Ent ရဲ့ ပဲ့ကိုင်ရှင် CEO၀မ်ရိပေါ်ရဲ့ မင်္ဂလာပွဲဖြစ်တာကြောင့် ကိုယ်တိုင်တက်ရောက်ခွင့်မရှိကြပေမဲ့ ထိုပွဲကိုတော့ တိုက်ရိုက်လွှင့်တာဖြစ်တဲ့အတွက် ဖန်သားပြင်ကနေတဆင့် မင်္ဂလာပွဲကိုစောင့်ကြည့်နေကြတာဖြစ်တယ်။
" ဟင်? "
မထင်မှတ်ထားစွာပဲမင်္ဂလာပွဲရဲ့အခြေအနေက ကယောက်ကယက်တွေဖြစ်သွားတာကြောင့် ဆိုင်ထဲကလူတွေအပါအ၀င် Deanပါ အံ့ဩသွားရသည်။ Deanအမြဲတွေးထင်နေခဲ့တာတစ်ခုရှိတယ် ၀မ်ရိပေါ်မှာ အစီစဉ်ရှိနေမှာလို့ပေါ့... ဒါပေမဲ့ဒီနေ့မနက်အထိ ဘာမှထူးခြားတာမတွေ့တာကြောင့် သူ့အထင်မှားနေခဲ့တယ်ပဲယူဆထားလိုက်တာ။ အခုလိုမျိုးကြီး ပွဲကြမ်းပစ်လိမ့်မယ်လို့ မထင်ထားခဲ့တာအမှန်ပါ။ ဘယ်လိုပြောရမလဲမိန်းခလေးဘက်ကို အတော်လေးအထိနာသွားစေမဲ့ ရိုက်ချက်မျိုးဖြစ်ဖို့အတွက် နောက်ကွယ်မှာ လက်ရည်သွေးနေခဲ့ပုံပါပဲ။
တီဗွီကြည့်ရင်း ငုတ်တုတ်မေ့နေတဲ့ Deanက အမှာစာရကြောင်း အချက်ပေးသံမြည်မှ သတိပြန်၀င်လာတာကြောင့် ပိုက်ဆံရှင်းပြီး ဆိုင်ထဲကနေအလျင်အမြန်ထွက်လာခဲ့လိုက်တော့သည်။ ဆေးရုံကိုပြန်လာတဲ့ လမ်းတစ်လျှောက်လဲ ဒီကိစ္စကျန့်ကျန့်ကိုပြောသင့်မပြောသင့် စဉ်းစားနေခဲ့တာဖြစ်တယ်။
ဒါပေမဲ့ ဆေးရုံကိုပြန်ရောက်တော့ သူမမျှော်လင့်ထားတဲ့ အခြေအနေကိုDeanက ကျန့်ကျန့်ရဲ့အခန်းတံခါးကိုဖွင့်ဖွင့်ချင်းကြုံတွေ့ခဲ့ရသည်။
" ကျန့်ကျန့်! "
မျက်တောင်မခတ်တမ်း တီဗွီကိုကြည့်ရင်းမျက်ရည်တွေကျနေတဲ့ကျန့်ကျန့်က အသိစိတ်လွတ်နေသူတစ်ဦးကဲ့သို့ပင် မတုန်မလှုပ်ပဲရှိနေတယ်။ သူ့ခေါ်သံကိုကြားပြီး လှည့်ကြည့်လာတာတောင် ဘာအမူအယာမှမပြတဲ့ မျက်နှာကြောင့်
