26

2.5K 281 21
                                    

[ Unicode ]

D-Day

" ကျန့်ငယ်ကို အရင်ကထပ်ပိုပြီးဂရုတစိုက်ရှိနေပေး Dean "

" ၀မ်ရိပေါ် မင်းကိုငါတားလို့မရတော့ဘူးမလား "

" မရတော့ဘူး၊ ငါသွားရမယ် "

" ဟူး.... ကောင်းပြီ၊ ကျန့်ကျန့်အတွက်တော့ စိတ်ချပါ။ ငါသူ့ဘေးကနေတစ်ဖဝါးတောင်ခွာမှာမဟုတ်လို့"

" အင်း "

မင်္ဂလာခန်းမကို မသွားခင် ကျန့်ငယ်ရဲ့မျက်နှာနုနုလေးကို ရိပေါ်ကမှင်သေသေငေးကြည့်နေတယ်။ နောက်ဆုံးမှာတော့ ခန္ဓာကိုယ်ပါးပါးလှဲလျောင်းနေတဲ့ ကုတင်းနားကို တစ်လှမ်းချင်းတိုးကပ်သွားပြီး နဖူးပြင်ပေါ်ကို အနမ်းဖွဖွတစ်ချက်ပေးကာ ဆေးရုံခန်းထဲကနေ ရိပေါ်ကထွက်လာခဲ့တယ်။ ဆေးရုံ‌
ကော်ရစ်တာရောက်တော့ ခန်းမထဲကို သူ့ထပ်အရင်ကြိုရောက်နေတဲ့ အတွင်းရေးမှူးစီကို ဖုန်းဆက်လိုက်တယ်။

" Sam ငါထွက်လာနေပြီ "

ခြေတံရှည်တို့ကြောင့် ကားပါကင်ကိုအလျင်အမြန်ရောက်သွားတယ်။ အဆင့်သင့်တံခါးဖွင့်လို့ စောင့်နေတဲ့ကားပေါ်ကို တက်လိုက်ပြီးတာနဲ့ ဒရိုက်ဘာကိုအချက်ပြလို့ ဦးတည်ရာက သူ့ကိုစောင့်နေတဲ့သတို့သမီးထံသို့။

ထွက်သွားတဲ့ ၀မ်ရိပေါ်ရဲ့နောက်ကျောကို ကြည့်လို့ Deanက ခေါင်းအသာခါယမ်းတယ်။ ၀မ်ရိပေါ်ရဲ့လုပ်ရပ်တွေက မှားလား၊ မှန်လားဆိုတာကို သူတောင်မဝေခွဲနိုင်တော့ဘူး။ ခန့်မှန်းရခက်တဲ့ CEO၀မ်က အမှားတွေမလုပ်မိဖို့နဲ့၊ နောင်တမရဖို့ကို တိတ်တဆိတ်ဆုတောင်းပေးရုံပဲရှိတော့တယ်။

အဲ့ဒီလိုမှမဟုတ်ရင်လဲ ကျန့်ကျန့်ကဒီထပ်ပိုတဲ့နာကျင်မှုကိုခံစားနေရ‌တော့မှာ။ မင်းသားလေးက သိပ်ကိုပင်ပန်းခဲ့ပြီးပြီ။

ဟင်း..... သက်ပြင်းရှည်ချကာ အတွေးစတို့ကိုဖြတ်လို့ ငြိမ်းချမ်းစွာ လှဲလျောင်းနေတဲ့ မင်းသားလေးရဲ့ဘေးကို လှုပ်ရှားသံတွေမကျယ်လောင်စေဖို့သတိထားရင်း တိုးကပ်သွားလိုက်သည်။

ထိုအချိန်မှာပင် မင်းသားလေးရဲ့မျက်တောင်အစုံကလှုပ်ခတ်လာတာ‌ကြောင့် ကုတင်ဘေးကိုရောက်သွားတဲ့ Deanကလှုပ်ရှားမှုတို့ရပ်တန့်သွားရသည်။

Hidden love Tempat cerita menjadi hidup. Temukan sekarang