23

2.3K 262 43
                                    

[ Unicode ]

ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်းက တွေးခေါ်မှုပုံစံခြင်းမတူဘူးဆိုတဲ့အချက်ကို လက်ခံနိုင်လား?

အတွေးအခေါ်တွေမတူညီတဲ့ခါ တူညီတဲ့ပရိုဂရမ်တစ်ခုဖြစ်နေရင်တောင် ချပြပုံချင်းမတူညီကြဘူးဆိုတာရော လက်ခံနိုင်လား? မဟုတ်ဘူး လက်ခံရမယ်၊ ဒါဟာလက်တွေ့မှာ အမှန်တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေတွေမို့ဖြစ်တယ်။

အဲ့သလိုပဲ ရွေးချယ်မှုလုပ်တဲ့အခါမှာလဲ မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ဖို့က သိပ်ကိုအရေးကြီးပြန်တယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ရည်ကိုယ်သွေးထဲမှာမှမှန်ကန်စွာရွေးချယ်တတ်ခြင်းဟာလဲ အရည်အချင်းတစ်ခုပင်ဖြစ်တယ်။ မှန်ကန်တဲ့ရွေးချယ်မှုရဲ့နောက်ကွယ်က အသီးအပွင့်ကို ကိုယ်တိုင်စံစားရမှာဖြစ်သလို့ မှားသွားခဲ့ရင်လဲ ကိုယ်တိုင်ပဲခံရမှာဖြစ်တယ်။
_

ရိ‌ပေါ် Ent တည်ထောင်ပြီးတစ်နှစ်ပြည်တဲ့နေ့မှာ အနုပညာတက္ကသိုလ်ကိုသွားပြီးကျန့်ငယ်ကို ကိုယ်တိုင်ကမ်းလှမ်းခဲ့တာဖြစ်တယ်။ မထင်မှတ်ထားတာက အဲ့ဒီနေ့မှာပဲ ကျန့်ငယ်က သူ့ကမ်းလှမ်းချက်ကိုလက်ခံတာဖြစ်တယ်။ အဲ့ဒီနေ့ကစလို့ ‌အိမ်ရယ်၊ကျောင်းရယ်ပဲ အချိန်ကုန်တတ်တဲ့ ကျန့်ငယ်က အဲ့ဒီနောက်ပိုင်းတော့ Entမှာသူ့ရဲ့အချိန်တော်တော်များများကို လေ့ကျင့်ရင်းနဲ့ ကုန်ဆုံးခဲ့တယ်။

Trainee room ထဲမှာပဲအချိန်ကုန်တတ်တဲ့ ကျန့်ငယ်ကြောင့် ရိပေါ်ကလဲ ထိုအခန်းရှေ့ကိုချောင်းပေါက်မတတ်အောင် နေ့တိုင်းရောက်ဖြစ်တယ်။
ကျန့်ငယ်ရဲ့ Trainerလက်ထဲကိုတော့ လေ့ကျင့်ရေးပုံစံကို သူကိုယ်တိုင်အချိန်ဇယားဆွဲလို့ သီးသန့်လေ့ကျင့်စေခဲ့တာဖြစ်တယ်။ တစ်နည်းပြောရရင် ရိပေါ်က နောက်ကွယ်မှာတော့ CEOတစ်ဖြစ်လဲ ကျန့်ငယ်ရဲ့မူပိုင် Trainerတစ်ယောက်ဖြစ်ခဲ့တာ။

ကျန့်ငယ်ရဲ့မနားမ‌နေကြိုးစားမှုတွေကြောင့်ပဲ debut လုပ်ပြီးတစ်နှစ်အကြာမှာတော့ အနုပညာလောကမှာနောရာတစ်နေရာရလာခဲ့ပြီဖြစ်တယ်။ သို့သော်အလုပ်ကို တန်ဖိုးထားတဲ့ကျန့်ငယ်က အမြဲကြိုးစားနေတာကြောင့် အချိန်တိုတိုအတွင်းမှာ အခုလို Top star တစ်ယောက်ဖြစ်လာခဲ့တယ်။

Hidden love Où les histoires vivent. Découvrez maintenant