[ Unicode ]
" Hello, အားလုံးပဲမင်္ဂလာပါ၊ ကျွန်တော်ကတော့ ရှောင်းကျန့်ပါ။ မင်းတို့နဲ့ မတွေ့ရတာကြာပြီမို့လို့ ဒီစာကိုရေးလိုက်ပါတယ်။
ပထမဆုံးအနေနဲ့ မင်းတို့ကိုစိတ်ပူပန်စေမိလို့ အနူးညွှတ်တောင်းပန်ပါတယ်။ ပြီးတော့ငါအခုအဆင်ပြေနေပါတယ် ရိုက်ကူးရေးတစ်လလောက်အနားယူလိုက်ရတာကလွဲရင်ပေါ့၊ အင်း.... အဲ့ဒါကလဲ အဆိုးထဲကနေအကောင်းဖြစ်သွားတာပေါ့၊ ငါနားချိန်အများကြီးရသွားတယ်လေ ဟုတ်တယ်မလား ဟ..ဟ...။တကယ်ကြီးကို ငါအခုအဆင်ပြေနေတာမို့ အရမ်းကြီးစိတ်မပူကြပါနဲ့တော့။
နောက်ထပ်ပြောချင်တာက ငါဆေးရုံပေါ်မှာလှဲနေတဲ့အချိန်မှာရော၊ ဒီရက်ပိုင်းတွေမှာပါ ဖြစ်ပျက်သွားတဲ့ အကြောင်းအရာတွေကြောင့် မင်းတို့လဲအရမ်းကို
အံ့သြပြီး၊ ဒေါသထွက်နေမယ်ဆိုတာ ငါသိပါတယ်။ အခြဆိုရင် သူမကလဲတရားဥပဒေရဲ့အပြစ်ပေးမှုကို ခံရတော့မှာဖြစ်တာကြောင့် မင်းတို့က စိတ်လျော့ပြီး အရင်လိုပျော်ပျော်ရွှင်ရွှင်လေးပဲပြန် နေကြပေးဖို့ငါက တောင်းဆိုချင်ပါတယ်။ မင်းတို့ရဲ့တန်ဖို့ရှိတဲ့ အချိန်တွေကို အရေးမပါတဲ့အရာတွေကြောင့်နဲ့အကုန်ဆုံးမခံပါနဲ့။နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ ပြီးခဲ့တဲ့ရက်တွေအတွက်အစားထိုးပြီး ကိုယ်ချစ်တဲ့သူနဲ့ပဲဖြစ်ဖြစ်၊ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် အချိန်ကုန်ဆုံးခဲ့ရင် မင်းတို့ရဲ့အချိန်တွေကို အမှတ်တရကောင်းတွေဖန်တီးကုန်ဆုံးဖြစ်ကြောင်း ငါ့ကိုmention လိုက်ပါ ဒီလိုဆိုရင်ငါ့ရဲ့နားရက်တွေမှာမင်းတို့ရဲ့ အပျော်တွေကိုပါငါထပ်တူခံစားပေးလို့ရတာပေါ့ ဟုတ်တယ်မလား။
ကဲ...ဒါဆိုရင် စာကိုဒီလောက်နဲ့ပဲရပ်လိုက်ပါတော့မယ်၊ ပျော်ရွှင်စရာနေ့လေးတစ်နေ့ဖြစ်ကြပါစေ...."
အရင်နေ့တွေက ကောDeanရဲ့ပြောပြချက်တွေကြောင့် ကျဲလီယာကိုရုံးထုတ်တဲ့နေ့တိုင်း ရဲစခန်းအရှေ့မှာသွားစောင့်နေတတ်တဲ့ သူ့ရဲ့ဖန်းလေးတွေနဲ့ ရုန်းရင်းဆန်ခတ်အခြေအနေတွေကို ရှောင်းကျန့်ကသိလိုက်ရသည်။ ထို့ကြောင့် သူဆေးရုံဆင်းလာပြီး လက်ကလဲအတော်လေးသက်သာနေတာကြောင့် ထိုစာကိုရေးလိုက်တာဖြစ်တယ်။ မဟုတ်ရင် သူ့ရဲ့ဖန်အဆိုးလေးတွေက အပြီးသတ်အမိန့်မချမချင်း သူတို့ရဲ့အရေးကြီးတဲ့အလုပ်တွေကိုလစ်လင်းသွားမှာ ဆိုးတာကြောင့်ဖြစ်တယ်။