33

1.5K 80 7
                                    

[ Unicode ]

ဒီနေ့ဆိုရင် ရှောင်းကျန့် အဲ့ဒီလူရဲ့ အိမ်ကိုရောက်တာ တစ်လပြည့်ခဲ့ပြီဖြစ်တယ်။ ဒီတစ်လလုံးလုံး ရှောင်းကျန့်ဟာ ဒီအိမ်ကြီးထဲကနေ တစ်လှမ်းတောင်ရွေ့လို့မရခဲ့ဘူး...အဲ့ဒီလူကတစ်ကယ်ကိုပဲ စကားတည်ခဲ့တယ် သူ့ကိုမျက်စိအောက်ကအပျောက်မခံခဲ့ဘူး။ အမြဲသူ့အနောက်ကနေ အရိပ်လိုပဲရှိနေခဲ့တယ်။

အခုလဲရှောင်းကျန့် ၀မ်အိမ်ကြီးထဲမှာ ပျင်းလွန်းလို့ ခြံထဲလမ်းဆင်းလျှောက်နေတာ အဲ့တာကို အနောက်ကနေကပ်ပါလာပြန်တယ် အစကတော့မသိဟန်ဆောင်နေမလို့ပါပဲ ဒါပေမဲ့ အခုဟာကနဲနဲတော့လွန်လာပြီလေ! အဲ့ဒါကြောင့်

" ခင်များမှာ အလုပ်မရှိဘူးလား "

ရှောင်းကျန့် ၀မ်အိမ်ကို‌စရောက်တုန်းကလဲ ဆရာ၀န်က သေချာမှာလိုက်တာမို့ ဂရုစိုက်ရမယ်ဆိုပြီး အနောက်ကနေတကောက်ကောက်လိုက်တယ်။ အဲ့ဒါတင်ပဲလားဆိုတော့မဟုတ်ဘူး တုတ်ကောက်နဲ့ လမ်းလျှောက်ကျင့်တဲ့အချိန်မှာတောင် အနောက်ကနေ လက်တပြင်ပြင်နဲ့။ ဒါတောင်အချိန်အကန့်အသတ်နဲ့ လေ့ကျင့်ရတာ! အချိန်ကြာကြာလေ့ကျင့်ရင် ခြေထောက်ပိုနာမှာစိုးလို့ပါတဲ့လေ။

ဟူး~ ၀မ်အိမ်ကိုရောက်တဲ့ ဒီလအတွင်းမှာ ရှောင်းကျန့်က အခုသူ့ဘေးမှာရှိနေတဲ့ ကလေးအဖေကြီးလို ၀မ်ရိပေါ်အစား အရင်ကသူ့အပေါ်ကို အေးတိအေးစက် ဆက်ဆံတဲ့ CEO ၀မ်ရိပေါ်ကိုပဲပြန်ခေါ်ပေးပါလို့ စိတ်ထဲကနေအခါ တစ်ရာလောက်တောင်းဆိုနေခဲ့တာဖြစ်တယ်။ မဟုတ်ရင်.....

" ကိုယ့်အလုပ်တွေအကုန် Samကိုလွှဲထားတယ်၊ ကျန့်ငယ်ခြေထောက် အရှင်းမပျောက်သေးသ၍ ကိုယ်ရုံးသွားမှာမဟုတ်ဘူး "

သူ့အတွေးက၀မ်ရိပေါ်ရဲ့အသံကြောင့် ရပ်တန့်သွားတယ်။

" ကျွန်တော့်ခြေထောက်တွေ အခုကောင်းနေပြီလေ၊ ဆရာ၀န်ကတောင်စိတ်ချလို့ရပြီ ပြောလိုက်တယ်လေ "

" ဒါပေမဲ့ ကိုယ်မှ ကျန့်ငယ်ကို စိတ်မချတာ "

လူစားထိုးခံလိုက်ရသလိုဖြစ်သွားတဲ့ အဲ့ဒီလူရဲ့ အပြုအမူတွေထဲမှာ အခုလိုအသံတိမ်တိမ်နဲ့ အနိုင်ကျင့်ခံနေရသလို ပုံရိပ်ကထိပ်ဆုံးက!

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Nov 20, 2023 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

Hidden love Tempat cerita menjadi hidup. Temukan sekarang